DVB Logo
Home
မြန်မာသတင်း
Case-01 အပါအဝင် ရောဂါပိုးကင်းစင်ပြန်ကောင်းလာသူ ၁၇ ဦး ဆေးရုံကဆင်း
DVB
·
April 30, 2020
Case-01 အပါအဝင် ရောဂါပိုးကင်းစင်ပြန်ကောင်းလာသူ ၁၇ ဦး ဆေးရုံကဆင်း
Donate to DVB

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိတဲ့အကြောင်းနဲ့ ရောဂါပိုးကင်းစင် ပြန်ကောင်းလာလို့ ဆေးရုံကဆင်းလာသူစုစုပေါင်း ၁၇ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။ 

မြန်မာပြည်ရဲ့ ပထမဆုံး COVID-19 အတည်ပြုလူနာ အသက်(၃၆)နှစ်အရွယ် Case-01 ဟာ ချင်းပြည်နယ် တီးတိန်ဆေးရုံမှာ တစ်လကျော်ကြာ ကုသမှုခံယူပြီး ဒီနေ့မှာ ဆေးရုံက ဆင်းခွင့်ရရှိပြီဖြစ်ပါတယ်။

ဆေးရုံကဆင်းသွားသူတွေအနေနဲ့ သူတို့ရဲ့နေအိမ်တွေမှာ အသွားအလာ ဆက်လက်ကန့်သတ်ထားရှိမှာ ဖြစ်ပါတယ်။

ဒီနေ့ညနေမှာ ဆေးသုတေသနဦးစီးဌာန (DMR) က စစ်ဆေးပြီးစီးခဲ့တဲ့ စောင့်ကြည့်လူနာ ၂၉ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ဆိုပါတယ်။

ဧပြီ ၃၀ ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ  ၁၅၀ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ နှစ်ကြိမ်ဆက်တိုက် ပိုးကင်းစင်လာသူ စုစုပေါင်း ၂၈ ဦးရှိသွားပြီလို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013