DVB Logo
Home
မြန်မာသတင်း
ရထားစီးခရီးသည်များ Quarantine မဝင်လိုသဖြင့် လမ်းခုလတ်ဘူတာတွင် ဆင်းသူများရှိနေ
DVB
·
April 30, 2020
ရထားစီးခရီးသည်များ Quarantine မဝင်လိုသဖြင့် လမ်းခုလတ်ဘူတာတွင် ဆင်းသူများရှိနေ
1 / 3
Donate to DVB

ရန်ကုန်နဲ့ မန္တလေးခရီးစဉ် ရထားစီးလိုက်ပါလာပြီး Quarantine မဝင်လိုတဲ့အတွက် ‌ကျောက်ဆည်ဘူတာမှာပဲ ဆင်းခဲ့တဲ့ ခရီးသည် ၁၄ ဦးကို သက်ဆိုင်ရာနေရာမှာ Facility Quarantine ထားရှိဖို့ ပို့ဆောင်လိုက်တယ်လို့ ကျောက်ဆည်မြို့နယ်‌ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

ရန်ကုန်နဲ့ မန္တလေးကို ရထားနဲ့ ခရီးသွားလာသူတွေအနေနဲ့ ဧပြီ ၂၅ ရက်နေ့က စတင်ကာ Facility Quarantine ဝင်ရောက်ဖို့ ညွှန်ကြားထားတာကြောင့် Quarantine မဝင်လိုသူတွေအနေနဲ့ မန္တလေးမရောက်ခင်လမ်းက ဘူတာရုံတွေမှာ ဆင်းနေတာဖြစ်တဲ့အတွက် ရထားစီးခရီးသည်တွေကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၂၈ ရက် မနက်ပိုင်းက ကျောက်ဆည်ဘူတာမှာ ဆင်းတဲ့ ခရီးသည့် ၃၀ ကျော်ရှိကာ သူတို့ကို စစ်ဆေးပြီး ခရီးသည် ၁၄ ဦးကို Facility Quarantine နေဖို့ ဆောင်ရွက်ခဲ့တာလို့ ကျောက်ဆည်မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောပါတယ်။

 "မနေ့က ဆင်းတဲ့သူတွေက ၃၀၊ ၄၀ လောက်ရှိပြီးတော့ တစ်ချို့က ပြင်ဦးလွင်၊ မန္တလေးတို့ကို ကယ်ရီငှားပြီး သွားကြတာ၊ အဲ့လို‌တွေ သတင်းရလို့၊ ပူးပေါင်းအဖွဲ့တွေနဲ့စောင့်ကြည့်တာပေါ့၊ ကျနော်တို့ကလည်း ရုံပိုင်ကြီးကတဆင့် ‌တွဲထိန်းတွေကို ကြိုပြီးအသိပေးထားတယ်။ ကျောက်ဆည် ကို မဆင်းဖို့ ဆင်းလို့ရှိရင်လည်း စစ်ဆေးရေးအဖွဲ့တွေစောင့်ပြီး စိစစ်ပြီး ဆောင်ရွက်နေတာ အသိပေးထားပါတယ်၊ မန္တလေးမှာ Facility Quarantine ကို ရှောင်ချင်တဲ့သူတွေ ဆင်းတယ်လို့ သုံးသပ်တာပေါ့ လို့ "ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာတော့ COVID-19 ရောဂါပိုးကူးစက်ခံထားရတဲ့ တိုင်းနဲ့ပြည်နယ်တွေက လာရောက်သူတွေ အနေနဲ့ facility quarantine ၂၁ ရက်နဲ့ home quarantine ၇ ရက်နေရမယ်လို့ အစိုးရအဖွဲ့က ညွှန်ကြားထားတာပါ။

Facility quarantine ထားရှိမယ့် ၁၄ ဦးဟာ မန္တလေးက ၆ ဦး၊ စဉ့်ကိုင်က  ၄ ဦးနဲ့ ကျောက်ဆည်က ၄ ဦးဖြစ်ပြီး ရန်ကုန်မြို့ကလာသူတွေ ဖြစ်တာကြောင့် Facility Quarantine ထားရှိဖို့ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးသို့ ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ ကျန်ခရီးသည်တွေကိုတော့ Home Quarantine နေဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ကနေ မန္တလေးသို့သွားမယ့် ခရီးသည်တွေအနေနဲ့ ကြားဘူတာတွေမှာ မဆင်းဖို့အတွက် ရထားတွဲထိန်းတွေက တဆင့် အသိပေးထားပြီး ဆင်းလာသူတွေရှိပါကလည်း စစ်ဆေးပြီး သက်ဆိုင်ရာ Quarantine စခန်းတွေထံ ပို့ဆောင်မယ်လို့ သိရပါတယ်၊၊

လက်ရှိမှာ ရန်ကုန်-မန္တလေးနဲ့ မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ် တရက်ကို တစီး ပြေးဆွဲပေးနေ ပါတယ်။

သတင်း- ထိန်ထိန်လင်း၊ ဓာတ်ပုံ-ကိုကို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013