
အီတလီအသင်း ၃ ကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဂတ်တူဆိုဟာ အဖွဲ့ချုပ်နဲ့ ၂ ဦးသဘောတူ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာနဲ့ အသင်းတာဝန်ခံ ဘူဖွန်တို့ နုတ်ထွက်သွားပြီးနောက်မှာ ဂတ်တူဆို ကလည်း အခုလို ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။
အီတလီအဖွဲ့ချုပ်ဟာ ဇွန်လမှာကစားမဲ့ ခြေစမ်းပွဲတွေမတိုင်ခင် ခေါင်းဆောင်မှုအသစ်ကို ရှာဖွေနေပြီး နည်းပြသစ်အဖြစ် အန်တိုနီယို ကွန်တီ ဒါမှမဟုတ် ရော်ဘာတို မန်စီနီတို့ကို ပြန်လည် ခန့်အပ်ဖို့ ရေပန်းစားနေပါတယ်။
ဒါ့အပြင် UEFA ဥက္ကဋ္ဌကလည်း အီတလီရဲ့ ကွင်းအခြေခံအဆောက်အအုံတွေ အဆင့်မမီရင် ယူရို ၂၀၃၂ အိမ်ရှင်အခွင့်အရေး ဆုံးရှုံးနိုင်တယ်လို့ ထပ်မံသတိပေးထားပါတယ်။










