DVB Logo
Home
မြန်မာသတင်း
ဒေးဒရဲမြို့တွင် ကျန်းမာရေးဝန်ထမ်းများအပေါ် ရိုင်းပြစွာပြောဆိုခဲ့သူအား ဒဏ်ငွေကျပ် ၅၀၀၀  ပြစ်ဒဏ်ချမှတ်
DVB
·
April 29, 2020
ဒေးဒရဲမြို့တွင် ကျန်းမာရေးဝန်ထမ်းများအပေါ် ရိုင်းပြစွာပြောဆိုခဲ့သူအား ဒဏ်ငွေကျပ် ၅၀၀၀  ပြစ်ဒဏ်ချမှတ်
Donate to DVB

ဧရာတီတိုင်း၊ ဒေးဒရဲမြို့အဝင်အထွက်ဂိတ်မှာ COVID-19 ကျန်းမာရေး စစ်ဆေးနေသူတွေအပေါ် ရိုင်းပြစွာပြောဆိုဆက်ဆံခဲ့တဲ့ အမျိုးသား ၁ ဦးကို တရားရုံးက ဒဏ်ငွေ ကျပ် ၅၀၀၀ အမိန့် ချမှတ်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။

 ဧပြီ ၂၂ ရက်နေ့က ဒေးဒရဲမြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ တာဝန်ရှိသူတွေ အပေါ် ရိုင်းပြစွာပြောဆိုဆက်ဆံမှုနဲ့ ယာဉ်မောင်း ဦးဇော်လွင်ကို ဒေးဒရဲမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တဲ့ အမှုဖြစ်ပါတယ်။

ဒုရဲမှူးကြီးထွန်းရွှေက "ဒေးဒရဲမှာ ပြစ်မှုကျူးလွန်တဲ့ ယာဉ်မောင်း ဦးဇော်လွင်ကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ(၁၅)အရ ဒဏ်ငွေ ကျပ် ငါးထောင် တရားရုံး ကပြစ်ဒဏ်ချမှတ်လိုက်ပါတယ်"လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေကို ရိုင်းပြစွာပြောဆိုဆက်ဆံခဲ့သူအား တရားရုံးက ငွေဒဏ် ကျပ် ၅၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပေါ် မြို့ခံ ပြည်သူတွေအကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

အလာတူ ဖြစ်စဉ်မျိုး ဧပြီ ၂၁ ရက်နေ့က ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ(၁၈)အရ ဘိုကလေးမြို့နယ်တရားရုံးက ဧပြီလ ၂၂ ရက်နေ့မှာ ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းမှာ ဧပြီ ၂၈ ရက်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ ၁၀ မှု၊ ကူးစက်ရောဂါနှိမ်နင်းရေးဥပဒေနဲ့ ၉ မှု၊ ဆက်သွယ်ရေးဥပဒေနဲ့ ၃ မှု၊ ငြိမ်းစုစီ ဥပဒေနဲ့ ၁ မှု၊ ရာဇသတ်ကြီးဥပဒေနဲ့ ၁ မှု စုစုပေါင်း ၃၃ မှုထိရှိခဲ့ကာ အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ၅ ဦးကို အရေးယူခဲ့ရတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ 

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013