DVB Logo
Home
မြန်မာသတင်း
Food Panda ပစ္စည်းပို့ဝန်ထမ်း ဆယ်ဂဏန်းခန့် နေအိမ်တွင် Quarantine ထားရှိ
DVB
·
April 29, 2020
Food Panda ပစ္စည်းပို့ဝန်ထမ်း ဆယ်ဂဏန်းခန့် နေအိမ်တွင် Quarantine ထားရှိ
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ပါရမီလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပိုးတွေ့လူနာ Case 146 ရဲ့ ဆူရှီဆိုင်ကို ပစ္စည်းပို့ဖို့ လာရောက်ခဲ့တဲ့  Delivery ဝန်ထမ်း  ၁၀ ဂဏန်း လောက်ကို ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ဧပြီ ၂၆ ရက်ကစတင် Home Quarantine ထားလိုက်ပြီလို့ Food Panda ရဲ့ Marketing ဌာန တာဝန်ခံ မနိုရင်းက ဒီဗွီဘီကိုပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ၂၆ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသား ၁ ဦးကို အတည်ပြုလူနာ case-146 အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ သူ့ရဲ့ဇနီးဖြစ်တဲ့ Case 139 နဲ့ ထိတွေ့မှုရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံခဲ့ရတာပါ။

Case 146 ကို ပိုးတွေ့ ပြီးနောက် သူ့ရဲ့ ဆူရှီဆိုင်ကို အဝင်အထွက် ရှိခဲ့တဲ့  Food Panda က ပစ္စည်းပို့ ဝန်ထမ်း ၁၀ ဂဏန်း လောက်ကို သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အပြီးသွားခဲ့တဲ့ မှတ်တမ်းအပေါ်မူတည်ကာ သူတို့ရဲ့အိမ်မှာဘဲ Home Quarantine နေဖို့ စီမံထားခဲ့တာလို့ Food Panda  တာဝန်ရှိသူက ပြောပါတယ်။

Quarantine ဝင်နေကြတဲ့ Delivery လုပ်သားအများစုဟာ လှိုင်မြို့နယ် ပတ်ဝန်းကျင်မှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

အသွားအလာကန့်သတ်တဲ့သူတွေကို စောင့်ကြည့်ဖို့ကိစ္စ အုပ်ချုပ်ရေးပိုင်းနဲ့ ကျန်းမာရေးဌာနကို အကြောင်းကြားပြီးမှ လုပ်သင့်ကြောင်းနဲ့ ဒါမှ ပြီးပြည့်စုံမယ်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးကပြောပါတယ်။

လှိုင်မြို့နယ် ပါရမီလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပိုးတွေ့လူနာ Case 146 ရဲ့ ဆူရှီဆိုင်မှာ Food Panda အပြင် တခြားက ပစ္စည်းပို့ဝန်ဆောင်မှုပေးသူတွေလည်း အဝင်အထွက်ရှိကောင်း ရှိနိုင်တယ်လို့ဆိုပါတယ်။

အိမ်တိုင်ရာရောက်ပစ္စည်းပို့တဲ့ Delivery လုပ်ငန်းတွေကို အခုလို ကိုဗစ်ရောဂါ ကပ်ဘေးကာလမှာ ဘယ်လိုလုပ်ရမလဲ ဆိုတာ ညွှန်ကြားချက်မပေးသေးကြောင်းနဲ့ သက်ဆိုင်ရာအနေနဲ့ ဆောင်ရန် ရှောင်ရန် စည်ကမ်းတွေကို ထုတ်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013