
ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 အတည်ပြုလူနာသစ် ၃ ဦးထပ်မံ စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီက ထုတ်ပြန်ပါတယ်။
လူနာသစ် ၃ ဦးကတော့ တာမွေမြို့နယ်က အသက် ၄၃ နှစ်အရွယ် အမျိုးသား ၁ ဦး၊ တောင်ဥက္ကလာပမြို့နယ်က အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသား တဦးတို့ဖြစ်ပါတယ်။
အဆိုပါ လူနာသစ် ၃ ဦးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့တွေဖြစ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူတွေလည်းဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ပထမအသုတ် အဖြစ် စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာနဲ့ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁၄၅ ခုအနက် ၃ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဧပြီ ၂၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတဝန်းမှာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၉ ဦး၊ ရောဂါပိုးကင်းစင်သူ ၁၆ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိပါတယ်။
Photo-MOHS










