DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၃၄၇ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
April 27, 2020
ဓာတ်ခွဲနမူနာ ၃၄၇ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
Donate to DVB

မနေ့ကနဲ့ဒီမနက် ဓာတ်ခွဲနမူနာ ၃၄၇ ခုကို ဓာတ်ခွဲစစ်ဆေးတာတွေကနေ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်မ ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဧပြီ ၂၆ ရက်က ဆေးသုတေသနဦးစီးဌာန (DMR) မှာ ဓာတ်ခွဲနမူနာ ၄၈ ခုကို ပမထအသုတ်စစ်ဆေးခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှာ ဓာတ်ခွဲနမူနာ ၂၉၉ ခုကို ၂ သုတ်ခွဲ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အရင်ရက်တွေက စစ်ဆေးထားတဲ့ ရလဒ်တွေအရ ဒီမနက် ၇ နာရီ အချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆ ယောက် တွေ့ခဲ့ပြီဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာတွေထဲက ရောဂါပိုးကင်းစင်သူ ၁၀ ယောက်နဲ့ သေဆုံးလူနာ ၅ ယောက်ရှိပါတယ်။

အလှူရှင်တယောက် လှူဒါန်းထားတဲ့ တရက် ၂၄ နာရီကို ဓာတ်ခွဲနမူနာပေါင်း ၁၁၅၂ ခု စစ်ဆေးနိုင်တဲ့ Cobas 6800 စက်ကို ဒီနေ့အပြီး တပ်ဆင်မှာ ဖြစ်ပြီး မေလပထမအပတ်လောက်မှာ စတင်အသုံးချနိုင်မယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013