DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့က လူနာအမှတ် ၁၄၄ လှိုင်သာယာ ဖိနပ်စက်ရုံ၌ အလုပ်လုပ်နေသူဖြစ်
DVB
·
April 25, 2020
မိုးညှင်းမြို့က လူနာအမှတ် ၁၄၄ လှိုင်သာယာ ဖိနပ်စက်ရုံ၌ အလုပ်လုပ်နေသူဖြစ်
Donate to DVB

ကချင်ပြည်နယ် မိုးညင်းမြို့က အတည်ပြုလူနာ အမှတ် ၁၄၄ ဟာ လှိုင်သာယာ မြို့နယ်ထဲက ချန်းရိဖိနပ်စက်ရုံမှာ စကားပြန်အဖြစ် အလုပ်လုပ်နေသူဖြစ်တယ်လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။ 

လူနာအမှတ် ၁၄၄ ဟာ မိုးညှင်းမြို့  Quarantine Centen မှာ ၂၁ ရက် စောင့်ကြည့်ခံယူနေစဉ်မှာ  ကိုယ်အပူချိန်မြင့်တက်လာတဲ့အတွက် စစ်ဆေးခဲ့ရာမှာ ရောဂါပိုးရှိကြောင်း ဧပြီ ၂၄ ရက်နေ့က အတည်ပြုခဲ့တာပါ။

လတ်လောမှာ သူနဲ့ထိတွေ့ခဲ့သူတွေကို  စုံစမ်းဆောင်ရွက်နေတယ်လို့  လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။ 

“စက်ရုံကိုတော့ Lock Down မလုပ်သေးပါဘူး။ ဒီနေ့ ဝန်ကြီး ၂ ပါးလာတယ်။ သူတို့ ဆုံးဖြတ်ချက်ချပြီးရင် ပြန်ပြောမယ်လို့ ပြောပါတယ်။” 

အဲဒီစက်ရုံမှာ ဝန်ထမ်း ၁၀၀၀၀ လောက်ရှိတယ်လို့ အရပ်ထဲမှာ ပြောကြပေမယ့် ဒီနေ့ စာရင်းကောက်ရာမှာတော့ ၉၀၀၀ လောက်ရတယ်လို့လည်း ပြောပါတယ်။

 မိုးညှင်းဆေးရုံအုပ် ဒေါ်မြာမီးကလည်း အဲဒီလူနာ အမှတ် ၁၄၄ ဟာ လှိုင်သာယာမြို့နယ် ချန်းရိစက်ရုံမှာ ၃ လ ပိုင်း ၂ ရက်နေ့ကနေ ၄ လပိုင်း ၁၆ ရက်နေ့အထိ အလုပ်လုပ်ခဲ့သူဖြစ်တယ်လို့ DVB ကို အတည်ပြုပြောပါတယ်။

“၄ ရက်နေ့(ဧပြီ)မှာ ချောင်းဆိုးတယ်။ လှိုင်သာယာစက်ရုံမှာ ဆေးခန်းပြတယ်။ မသက်သာဘူး။ ရန်ကုန်ဆေးခန်းမှာ ပြန်ပြတယ်။ ဓာတ်မှန်ရိုက်တာတွေ လုပ်တယ်။ ဒါပေမဲ့ ချောင်းဆိုးနေသေးတော့ သူက ကားစင်းလုံးငှားပြီး မိုးညှင်းကို တန်းပြန်လာတယ်။ ရောက်တာနဲ့ Facility Quarantine ဝင်တယ်။ သူ့ကိုယ်သူလည်း သံသယရှိတယ်။ လူက နည်းနည်းနုံးလာလို့ ၁၉ ရက်နေ့က ဆေးရုံကို ရွှေ့ပြီး သယ်တယ်၊ သလိပ်ယူ ပို့တယ်။ အဖြေက မနေ့က Positive နော်။”

အဆိုပါလူနာရဲ့ သလိပ်ကို မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ ဓာတ်ခွဲကြည့်ရာ COVID-19 ရောဂါပိုးတွေ့ရကြောင်း ဧပြီ ၂၄ ရက်က သိခဲ့ရပြီး ဒီနေ့မနက်ပိုင်းမှာ လူနာကို လူမှုကူညီရေးအသင်း ကားတွေနဲ့ မြစ်ကြီးနားဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ဧပြီ ၂၄ ရက် ည ၁၁ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၄၄ ဦး၊ သေဆုံးသူ  ၅ ဦးနဲ့ ပြန်ကောင်းလာသူ ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013