DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့က လက်နက်ကြီးကျည်ထိမှန်သည့် ကလေးငယ် အသက်အန္တရာယ်မရှိတော့   
DVB
·
April 24, 2020
ပလက်ဝမြို့က လက်နက်ကြီးကျည်ထိမှန်သည့် ကလေးငယ် အသက်အန္တရာယ်မရှိတော့   
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှာ  လက်နက်ကြီးကျည်ကျထိမှန်ခဲ့တဲ့အတွက် သေဆုံးသွားပြီလို့ထင်ခဲ့တဲ့ ကလေးတစ်ဦး ဆေးရုံရောက်တဲ့အခါမှာ အချိန်မီ အသက်ပြန်ကယ်နိုင်ခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ဒီဗွီဘီကို ပြောပါတယ်။

ပလက်ဝမြို့အနီးမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်နီးပါးဖြစ်နေပြီး မြို့အဝင်နားကို ဧပြီ ၂၃ ရက်က လက်နက်ကြီးကျည်ကျရောက်ခဲ့လို့ ကမ်းနားမှာရှိနေတဲ့  သုံးတန်းကျောင်းသားကလေးငယ်  ထိမှန်ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာ ကလေးငယ်ဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့တဲ့ အခြေအနေကိုရောက်နေပြီလို့လည်း စည်ပင်သာယာရေး ဝန်ကြီးက ပြောပါတယ်။ 

ဧပြီ ၂၂ ရက်ကလည်း တိုက်ပွဲဖြစ်ခဲ့ပြီး မြို့ထဲမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်အိမ်ရာဝန်းထဲကို လက်နက်ကြီးကျခဲ့လို့ ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးသွားခဲ့ပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ဒဏ်ရာရတဲ့သူ ၂ယောက်ကို အရေးပေါ်ခွဲစိတ်ကုသဖို့လိုအပ်နေတာကြောင့် ဧပြီ ၂၄ ရက်နေ့က ဆမီးမြို့ကိုပို့ဆောင်ဖို့လုပ်ဆောင်ခဲ့ပေမယ့် ပလက်ဝမြို့အထွက်က တံတားထိပ်မှာ တိုက်ပွဲဖြစ်နေတာကြောင့်အခုချိန်ထိ ပို့ဆောင်လို့မရသေးဘူးလို့ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။ 

ပလက်ဝမြို့နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် အရပ်သား ၃၄ ယောက်သေဆုံးခဲ့ပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒါ့အပြင် ပလက်ဝမြို့မှာ စစ်ဘေးရှောင် အိမ်ထောင်စု ၇၄၆ စု လူဦးရေ ၃၂၁၂ ဦးရှိပြီး ဆမီးမြို့မှာ စစ်ဘေးရှောင် အိမ်ထောင်စု ၆၅၈ စု၊ လူဦးရေ ၂၂၇၀ ဦး ရောက်ရှိနေပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013