DVB Logo
Home
မြန်မာသတင်း
ဖိုလ်ဝင်တောင်က မျောက်အကောင်ရေ ၂၀၀၀ ကျော် အစာရေစာ ခက်ခဲနေ
DVB
·
April 24, 2020
ဖိုလ်ဝင်တောင်က မျောက်အကောင်ရေ ၂၀၀၀ ကျော် အစာရေစာ ခက်ခဲနေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းက သမိုင်းဝင် ဖိုလ်ဝင်တောင်ကို လတ်တလော ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် ဘုရားဖူးဝင်ခွင့်ပိတ်ထားတာ ၁ လဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။

ဘုရားဖူးတွေ မလာတဲ့အတွက် ဖိုလ်ဝင်တောင်မှာ ကျင်လည်ကျက်စားနေကြတဲ့ ထောင်နဲ့ချီတဲ့ မျောက်တွေဟာလည်း အစာရေစာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

ဖန်းခါးတောင် သီရိရတနာကျောင်းတိုက်ဆရာတော် ဦးအိန္ဒက က"မျောက်စာတွေ လာလှူတာတော့ ကြိုးကြားကြိုးကြားရှိပါတယ်။ နေ့တိုင်းတော့ မရှိဘူး။ တစ်ပတ် နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့ လာလှူကြတယ်။ လောလောဆယ်က ဘုရားဖူးလည်း မရှိတော့ မျောက်စာ ကျွေးမယ့်သူ မရှိသလိုဖြစ်နေတာပေါ့။ ဂေါပကအဖွဲ့ကတော့ တစ်နေ့ ၂ ကြိမ် အစာကျွေးနေပါတယ်။ မိုးလည်းမရွာသေးတော့ ရေလည်း နည်းနည်းတော့ အခက်အခဲရှိတယ်။ မျောက်ကတော့ ဖိုလ်ဝင်တောင်မှာ အကောင်ရေ နှစ်ထောင်ကျော်ကတော့ ရှိတယ်။"လို့ မိန့်ကြားပါတယ်။

မျောက်စာခက်ခဲတယ်ဆိုတဲ့ သတင်းတွေကြောင့် မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီးတို့က အလှူရှင်တွေက လာရောက်လှူဒါန်းမှုတွေ ရှိနေပါတယ်။ ဧပြီ ၂၄ ရက်နေ့ကလည်း မုံရွာအိမ်ခြံဝန်ဆောင်မှုအသင်းကလည်း ကျပ် ၂ သိန်းကျော် တန်ဖိုးရှိတဲ့ မျောက်စာတွေ လာရောက်လှူဒါန်းခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ကလည်း Save Monywa အဖွဲ့က မျောက်စာတွေ လာရောက်လှူဒါန်းခဲ့ကြ ပါသေးတယ်။ မျောက်စာလာကျွေးသူတွေကိုတော့ အရင်က ဖိုလ်ဝင်တောင် အဝင်ဂိတ်ကနေ လက်ခံပြီး ဂေါပကအဖွဲ့ကနေတဆင့် ပြန်လှူပေမယ့် ‌အခုနောက်ပိုင်းမှာတော့ ဆရာတော် သံဃာတော်နှင့် ဂေါပကတွေ ညှိနှိုင်းပြီး ဂိတ်မှာ လက်ဆေးတာ၊ အပူချိန်တိုင်းတာတွေ ပြုလုပ်ပြီးမှ ကိုယ်တိုင်ကျွေးခွင့်ပြုထားပါတယ်။ 

မျောက်စာအတွက် ပြောင်းဖူး၊ ပြောင်းဆန်၊ ကုလားပဲ၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး စတာတွေကို အဓိက ကျွေးမွေးကြတာဖြစ်ပါတယ်။

ဖိုလ်ဝင်တောင်က နွေရာသီမှာ နှစ်စဉ် သောက်သုံးရေ ရှားပါးမှုလည်း ရှိပြီး အလှူ ရှင်တွေအပြင် မြို့နယ် မီးသတ်တပ်ဖွဲ့ကလည်း မျောက်တွေအတွက် သောက်သုံးရေ ဖြည့်ဆည်းပေးတာတွေလည်း ရှိပါတယ်။

ဖိုလ်ဝင်တောင်မှာ ဘုရားဖူးပိတ်ထားပြီး ဧည့်သည်မရှိလို့ မျောက်တွေတင်မက ဘုရားကို အမှီပြုပြီးဈေးရောင်းနေကြတဲ့ ဒေသခံတွေမှာလည်း ဝင်ငွေအခက်အခဲတွေ ကြုံတွေ့နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013