DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများကို ဖြိုးမေတ္တာယာဉ်လိုင်းက အခမဲ့ ကားစီးခွင့်ပေး
DVB
·
April 23, 2020
ဂန့်ဂေါမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများကို ဖြိုးမေတ္တာယာဉ်လိုင်းက အခမဲ့ ကားစီးခွင့်ပေး
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အခြေစိုက်ပြေးဆွဲနေတဲ့ ဖြိုးမေတ္တာ ခရီးသည်တင် မော်တော်ယာဉ်ငယ်လိုင်းကနေ မြို့နယ်တွင်းက ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ ခရီးစဉ်အားလုံး ကားအခမဲ့ စီးနင်းခွင့်ပေးပြီး ဂုဏ်ပြုလိုက်ပါတယ်။ 

အခုလိုလုပ်ဆောင်တာက COVID-19 ကပ်ရောဂါကို ရှေ့တန်းကနေ တွန်းလှန်တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးကို စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းနေချိန်မှာ တတ်နိုင်တဲ့နေရာကနေ ကူညီပေးတာဖြစ်တယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူက ပြောပါတယ်။

 ဖြိုးမေတ္တာ မော်တော်ယာဉ်လိုင်းပိုင်ရှင် ဦးကျော်စွာမင်းက "အစ်ကိုတို့ ယာဉ်လိုင်းက တာဝန်ရှိသူတွေအားလုံး ညှိနှိုင်းတိုင်ပင်ပြီး အခုလို လုပ်လိုက်တာ ဖြစ်ပါတယ်။ သူတို့က အခုကာလမှာ အင်မတန်မှ ပင်ပန်းနေကြတယ်။ စိတ်ဓာတ်မကျအောင် တဖက်တလမ်းက ကူညီပေးတဲ့ သဘောပါ။ ခရီးစဉ်အားလုံးကို အောက်ခြေ ကျန်းမာရေးလုပ်သား ကနေ မြို့နယ်ဆရာဝန်ကြီးအထိပေါ့။ ဘယ်ခရီးစဉ်ဖြစ်ဖြစ် အခမဲ့ စီးနင်းလိုက်ပါခွင့် ပေးမှာပါ။ ဒါတင်မကဘူး။ မြို့တွင်း ကျန်းမာရေးကိစ္စအတွက်ပဲဖြစ်ဖြစ်၊ ကျန်မာရေးဝန်ထမ်းတွေရဲ့ နာရေး ကိစ္စ၊ ကိုဗစ်သံသယလူနာဓာတ်ခွဲနမူနာ ပို့ဆောင်ရေးကိစ္စတွေအတွက်ပဲဖြစ်ဖြစ် ကား တစ်စီးလိုရင် တစ်စီး၊ နှစ်စီးလိုရင် နှစ်စီး စီစဉ်ပေးမှာပါ။ အခုလို ကူညီခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါ တယ်။"လို့ ပြောပါတယ်။

ဂန့်ဂေါမြို့ အခြေစိုက်ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းက ဖြိုးမေတ္တာအပါအဝင် ၇ လိုင်းရှိပါတယ်။ အခမဲ့ စီးနင်းခွင့်ကာလကို အခုနှစ် ဒီဇင်ဘာလကုန်ထိ သတ်မှတ်ထားပေမယ့် ကိုဗစ်အခြေအနေပေါ်မူတည်ကာ လိုအပ်ရင် ၂၀၂၁ ခုနှစ်ထိပါ ပြေးဆွဲနိုင်အောင် ကော်မတီနဲ့ တိုင်ပင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဖြိုးမေတ္တာယာဉ်လိုင်းက ဂန့်ဂေါ-ရေဇွာ၊ ဂန့်ဂေါ-ကလေး၊ ဂန့်ဂေါ-မန္တလေး၊ ဂန့်ဂေါ-ပခုက္ကူ၊ ဂန့်ဂေါ-မကွေး စတဲ့ဒေသတွေကို နေ့စဉ်ပြေးဆွဲနေတာပါ။ လတ်တလောမှာတော့ ဧပြီလကုန်ထိ ယာဉ်လိုင်းတွေကို အစိုးရပိတ်ထားတဲ့အတွက် ရပ်နားထားကြပါတယ်။

အခုလို ကူညီပေးတဲ့အပေါ် ဂန့်ဂေါမြို့ပြည်သူ့ဆေးရုံကြီးက လက်ထောက်ဆေးရုံအုပ်ကြီးက လည်း ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါတယ်။ အခုလို ကူညီတာက ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ အများကြီးအထောက်အကူပြုတယ်လို့လည်း ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

တခြားမြို့နယ်တွေမှာလည်း အခုလို ကူညီပေးတာတွေ လုပ်ဆောင်ကြရင် ကျန်းမာရေးဝန်ထမ်းတွေအတွက် ပိုပြီးတော့ အားအင်တွေဖြစ်ပေါ်လာစေနိုင်မယ်လို့လည်း ယာဉ်လိုင်းပိုင်ရှင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013