DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်နိုင်ငံခြားသားများအား နေထိုင်ခွင်သက်တမ်းထပ်မံတိုးမြှင့်ပေးရန် သဘောတူ  
DVB
·
April 23, 2020
ထိုင်းရောက်နိုင်ငံခြားသားများအား နေထိုင်ခွင်သက်တမ်းထပ်မံတိုးမြှင့်ပေးရန် သဘောတူ  
Donate to DVB

ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေ၊ ရွှေ့ ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက နောက်ထပ် ၂၀၂၀ ဇူလိုင်လ ၃၁ ရက်အထိ နေထိုင်ခွင့် သက်တမ်းထပ်တိုးပေးဖို့ သဘောတူလိုက်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးနေတာကြောင့် နေထိုင်ခွင့်သက်တမ်းကုန်ပြီး Visa/Arrival ဗီဇာ လာရောက်သက်တမ်းတိုးရမယ့် နိုင်ငံခြားသားတွေကို လဝကရုံးသို့ လာစရာ မလိုဘဲ ၂၀၂၀ ဧပြီလ ၃၀ ရက်အထိ အလိုအလျောက်ဗီဇာတိုးမြှင့်ခွင့် ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က စတင်ခွင့်ပြုခဲ့ပါတယ်။ 

ဒါပေမယ့် ကနေ့ထိ ကူးစက်ရောဂါထိန်းချုပ်မှု အခြေအနေမကောင်းသေးတာကြောင့် ဆက်လက် သက်တမ်းတိုးဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က တင်ပြခဲ့တဲ့အဆိုကို ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ ထိုင်းအစိုးရ ဝန်ကြီးများအစည်းအဝေးက  သဘောတူခဲ့တာပါ။ 

အဆိုပါသဘောတူချက်အရ နိုင်ငံခြားသားတွေအနေနဲ့ ဗီဇာသက်တမ်းကုန်တာပဲဖြစ်ဖြစ်၊ ရက်ပေါင်း ၉၀ ပြည့် နေထိုင်ရာလိပ်စာသတင်းပို့ဖို့ လိုအပ်တာဘဲဖြစ်ဖြစ် လဝကရုံးသို့ လာရောက်ရန် မလိုဘဲ လာမယ့် ၂၀၂၀ ဇူလိုင် ၃၁ ရက်နေ့ထိ အလိုအလျောက်သက်တမ်းတိုး နေထိုင်ခွင့် ရရှိမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက ဝန်ကြီးများအစည်းအဝေးမှာ ပြောပါတယ်။ 

အကယ်၍သာ ဒီလိုအလိုအလျောက်သက်တမ်းတိုးမပေးဘူးဆိုရင် လဝကရုံးမှာ ဗီဇာ သက်တမ်း လာတိုးသူတွေ၊ ရက် ၉၀ သတင်းပို့သူတွေနဲ့ လူစုလူဝေး ပြည့်နှက်နေပါက် ကိုဗစ် - ၁၉ ရောဂါကူးစက်မယ့် အန္တရာယ်တွေကြုံရနိုင်တာကြောင့် ခုလိုခွင့်ပြုလိုက်တာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားသွားပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဥပဒေအရ ခရီးသွားလာခြင်းတွေ ဟန့်တား ထားသလို လေကြောင်းလိုင်းတွေလည်း ပျံသန်းမှုမရှိတာကြောင့် နိုင်ငံခြားသား အမြောက်အမြား ပိတ်မိနေပါတယ်။ 

တချို့နိုင်ငံခြားသားတွေမှာ ခရီးစရိတ်ပြတ်တောက်ကုန်တာကြောင့် သင်္ချိုင်းကုန်းမှာ သွားအိပ်ရတာ၊ တောတောင်က ဂူတွေထဲသွားအိပ်ရတဲ့သတင်းတွေလည်း တွေ့ နေရပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေမှာလည်း မိခင်နိုင်ငံပြန်လို့မရသေးသလို ထိုင်းမှာလည်း လုပ်ငန်းခွင်တွေ တော်တော်များပိတ်ထားတာကြောင့် အလုပ်လက်မဲ့ဘဝနဲ့ အခက်အခဲတွေ ဖြစ်နေရပါတယ်။ 

ကိုးကား- Bangkokviznews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013