DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့ရှိ COVID-19 လူနာအမှတ် ၁၂၁ ၏နေအိမ်ကို Lockdown ပြုလုပ်ထား
DVB
·
April 23, 2020
တောင်ကြီးမြို့ရှိ COVID-19 လူနာအမှတ် ၁၂၁ ၏နေအိမ်ကို Lockdown ပြုလုပ်ထား
Donate to DVB

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာ ကိုရိုနာဗိုင်းရပ်ရောဂါ အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိတယ်လို့ ဧပြီ ၂၁ ရက်ည ၈ နာရီက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ လူနာနံမှတ်   ၂၁၂ နေထိုင်တဲ့ တောင်ကြီးမြို့ စဝ်စံထွန်းလမ်းနဲ့ တူးမြောင်းလမ်းရှိ နေအိမ်ကို ညတွင်းချင်း Lockdown ပြုလုပ်ထားပြီး လမ်းတွေကို lockdown မလုပ်ထားဘဲ ဆေးဖျန်းနေပါတယ်။

လက်ရှိလူနာကိုတော့ တောင်ကြီး စဝ်စံထွန်း ဆေးရုံပို့ဆောင်ပြီးဆေးကုသမှု ပေးထားပါတယ်။

လူနာဟာ တလလောက်ကြာမှာ ရောဂါတွေ့ရှိတဲ့အတွက် သူနဲ့ထိတွေ့တဲ့ လူတွေနောက်ကြောင်း လိုက်ပြီး Home quarantine ထားရှိဖို့လုပ်ဆောင်သွားမယ်လို့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဆိုပါ COVID-19 အတည်ပြုလူနာ အမှတ် ၁၂၁ ဟာ အင်္ဂလန်နိုင်ငံမှ ရန်ကုန်မြို့သို့ မတ်လ ၂၂ ရက်က လေကြောင်းနဲ့ ရောက်ရှိလာပြီးနောက် ရန်ကုန်မြို့မှာ Hotel Quarantine ၁၄ ရက်ဝင်ရောက်ခဲ့ကာ ဧပြီ ၅ ရက်မှ လေယာဉ်နဲ့ ရန်ကုန်မြို့မှ တောင်ကြီးမြို့ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာတာဖြစ်ပါတယ်။

အဲဒီလူနာဟာ အဖျားမရှိ ချောင်းဆိုး၊ နာကျင်ကိုက်ခဲခြင်း မရှိဘဲ အနံ့အရသာ ခံစားမှုမရှိဖြစ်နေလို့ ဧပြီ ၁၅ ရက်နေ့လည် ၁ နာရီမှာ ဖခင်ဖြစ်သူနဲ့အတူ စဝ်စံထွန်းဆေးရုံကြီးကို သွားရောက် ပြသခဲ့ရာ စဝ်စံထွန်းဆေးရုံကြီး တာဝန်ရှိသူမှ ဆေးစစ်ချက်အတွက် ကိရိယာ လုံလောက်မှု မရှိတဲ့အကြောင်း သောက်ဆေးပေးပြီး နေအိမ်မှာပဲ နေခိုင်းခဲ့တာဖြစ်ပါတယ်။

ဒီနောက် အုပ်ချုပ်ရေးမှူးကိုအကူညီတောင်းပြီးမှ ဧပြီ ၁၉ ရက်နေ့မှာ ဓာတ်ခွဲနမူနာ ယူပြီး ပို့ဆောင်စစ်ဆေးရာ ဧပြီ ၂၁ ရက်မှ COVID-19 ရောဂါတွေ့ရှိကြောင်း  positive အဖြေ ထွက်ပေါ်တာဖြစ်ပါတယ်။

သတင်း- ခွန်ရာဇာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013