DVB Logo
Home
မြန်မာသတင်း
အာဆင်နယ်အသင်းသားများ၏ လုပ်ခ ဖြတ်တောက်မည် 
DVB
·
April 21, 2020
အာဆင်နယ်အသင်းသားများ၏ လုပ်ခ ဖြတ်တောက်မည် 
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ အသင်းသားတွေရဲ့ လုပ်ခ ၁၂ ဒသမ ၅ ရာခိုင်နှုန်း ဖြတ်တောက်ခံဖို့ အာဆင်နယ်နည်းပြအဖွဲ့နဲ့ ကစာသမားတွေက သဘောတူလိုက်ပါတယ်။ 

အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဘောလုံးပွဲတွေကို နားထားရပြီး လက်ရှိအချိန်အထိ ပြန်လည်ကျင်းပနိုင်ခြင်း မရှိသေးတာပါ။ ဒီအတောအတွင်းမှာ နည်းပြအဖွဲ့တွေနဲ့ ကစားသမားတွေရဲ့ လုပ်ခထဲကနေ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကို အသင်းက ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းသားတွေအနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတခု ရယူနိုင်ခဲ့မယ် ဆိုရင်တော့ ဆုကြေးတွေ ပေးအပ်ချီးမြှင့်ဖို့လည်း သဘောတူညီခဲ့တယ်လို့ အာဆင်နယ်အသင်းက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းမှာ ကွင်းလယ်လူ အိုဇေးလ်က တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲနဲ့ အများဆုံး ရရှိနေပြီး ဒုတိယအများဆုံးရရှိနေတဲ့ တိုက်စစ်မှူးအူဘာမီယန်းက တပတ်လုပ်ခ ပေါင် ၂ သိန်းပဲရှိတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013