DVB Logo
Home
မြန်မာသတင်း
COVID-19 လူနာသစ် ၆ ဦးထပ်တွေ့၊ အတည်ပြုလူနာ စုစုပေါင်း ၁၁၇ ဦးအထိရှိလာ
DVB
·
April 20, 2020
COVID-19 လူနာသစ် ၆ ဦးထပ်တွေ့၊ အတည်ပြုလူနာ စုစုပေါင်း ၁၁၇ ဦးအထိရှိလာ
Donate to DVB

မြန်မာပြည်တွင်း ကလေးမြို့နယ်၊ တီးတိန်မြို့နယ်နဲ့  တာချီလိတ်မြို့နယ်တို့မှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၆ ဦးထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၀ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။

အဆိုပါ လူနာသစ် ၆  ဦးကတော့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က အမျိုးသား ၃ ဦးနဲ့ ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦး၊ ချင်းပြည်နယ် တီးတိန်မြို့နယ်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့  ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတဦးတို့ ဖြစ်ကြပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဒီကနေ့ ပထမအသုတ်အဖြစ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၈၁ ခုအနက် ၆ ဦးမှာ  COVID-19 ရောဂါပိုးတွေ့ရှိရတာဖြစ်ပြီး ကျန်သူတွေကတော့ ရောဂါပိုးမတွေ့ရှိဘူးလို့ ဆိုပါတယ်။

ဒီကနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ  COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၁၇  ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိပါတယ်။ 

ဓာတ်ခွဲအတည်ပြုလူနာတွေထဲက  ရောဂါပိုးကင်းစင်သူ ၉ ဦးရှိလာခဲ့ပြီး ဆေးရုံကဆင်းသူ စုစုပေါင်း  ၆ ဦးရှိတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013