DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ကို ဝင်မည့်သူများ Quarantine ၂၁ ရက် စောင့်ကြည့်ခံရမည်
DVB
·
April 19, 2020
နေပြည်တော်ကို ဝင်မည့်သူများ Quarantine ၂၁ ရက် စောင့်ကြည့်ခံရမည်
Donate to DVB

နေပြည်တော်ကို ဝင်မယ့် ဘယ်သူမဆို ကျန်းမာရေးအရ Quarantine ဝင်ရမယ်လို့ သိရပါတယ်။ 

“မြို့ထဲဝင်ခွင့် မဖြစ်မနေ ဝင်ချင်ရင် Quarantine ၂၁ ရက် စောင့်ကြည့်ခံရမှာဖြစ်ပြီး ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ ရဲတပ်ဖွဲ့ဝင်ပဲ ဖြစ်ဖြစ် ဘယ်သူပဲ လာလာ ဝင်ရမှာပဲ” လို့ နေပြည်တော်စီလမ်းဆုံဂိတ်က တာဝန်ခံရဲအုပ် ကျော်စိုးခိုင်က ပြောပါတယ်။

အဲဒီလို လုပ်ဆောင်မှုတွေကိုတော့ ဧပြီ ၂၀ ရက်နေ့ မနက် ၈ နာရီကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

 နေပြည်တော်ကို စီလမ်းဆုံဂိတ်၊ တောင်ညို (ရန်ကုန် - မန္တလေး အမြန်လမ်း)၊ သာဝထ္တိံဂိတ်၊ တပ်ကုန်းဂိတ်၊ တပ်ကုန်း - ကင်းသာ - ပင်လောင်းလမ်းခွဲ ဂိတ်တွေကနေ ဝင်ထွက်သွားလာနေကြတာဖြစ်ပါတယ်။ 

COVID 19 ကာကွယ်တဲ့အနေနဲ့ ဒေသအသီးသီးကပြန်လာတဲ့ ဝန်ထမ်းတွေကိုလည်း ကျန်းမာရေးအရ Quarantine ဝင်ဖို့ ညွန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013