DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းများ စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်ကြရန် ကရင်နီပြည်အစိုးရသတိပေး
DVB
·
February 10, 2022
ဝန်ထမ်းများ  စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်ကြရန် ကရင်နီပြည်အစိုးရသတိပေး
Donate to DVB

ဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ကြဖို့  စစ်ကောင်စီက ဖိတ်ခေါ်နေတဲ့အပေါ် လုံးဝ လက်မခံဖို့နဲ့ တာဝန်ထမ်းဆောင်သူတွေကို အရေးယူသွားမယ်လို့   ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၀ ရက် ဒီကနေ့  ထုတ်ပြန်ကြေညာပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ကရင်နီ(ကယား) ပြည်နယ် လွိုင်ကော်၊ ဘောလဲ၊ ဖားဆောင်း စတဲ့မြို့တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်က သွားရောက်ပြီး မြို့နယ်စစ်ကောင်စီတာဝန်ရှိသူတွေကို  ခေါ်ယူတွေ့ဆုံကာ လာမယ့်ဖေဖော်ဝါရီ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဝန်ထမ်းတွေအနေနဲ့ ပြန်လည်တာဝန် ထမ်းဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး လုံးဝလက်မခံကြဖို့နဲ့ စစ်ကောင်စီရဲ့ အခြေခံကျတဲ့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ တခြားယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိစေရေးလုပ်ဆောင်ကြဖို့ ကရင်နီပြည်အစိုးရက ဒေသခံပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီညွှန်ကြားချက်အပေါ် လုံးဝ လက်ခံခြင်းမပြုကြဖို့နဲ့ လက်ခံမယ့်သူ ဘယ်သူမဆို စစ်ကောင်စီကို ထောက်ခံအားပေးသူအဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူးညေးရယ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်ကစလို့ လွိုင်ကော်မြို့ပေါ်နဲ့ တခြားမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက မြေပြင်ကနေရာ လေကြောင်းကနေပါတိုက်ခိုက်နေတာကြောင့်   ဝန်ထမ်းတွေအပါအဝင် ပြည်သူလူထုတွေ စုစုပေါင်း ၁၇၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာ စစ်ဘေးရှောင်စခန်းတွေနဲ့ တခြားပြည်နယ်တွေဆီကို ထွက်ပြေးတိမ်းရှောင်နေရကြပါတယ်။

တချိန်တည်းမှာပဲ  မြို့တော်လွိုင်ကော်အပါအဝင် ကရင်နီပြည်နယ်အတွင်း မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ ၇၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းသွားတာဖြစ်ပါတယ်။ 

ပြည်နယ်ရဲ့ ယန္တရားတွေ ယိုယွင်းပျက်စီးလာနေတဲ့တွက် စစ်ကောင်စီက သူတို့ရဲ့ လက်အောက်ခံ ဝန်ထမ်းတွေကို မူလတာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ စည်းရုံးခေါ်ယူနေရတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013