DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့နယ်တွင် လူစုလူဝေးပြုလုပ်ခဲ့သည့် အိမ်ရှင် ၁ ဦးကို အမှုဖွင့်အရေးယူ
DVB
·
April 17, 2020
ငဖဲမြို့နယ်တွင် လူစုလူဝေးပြုလုပ်ခဲ့သည့် အိမ်ရှင် ၁ ဦးကို အမှုဖွင့်အရေးယူ
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဧပြီ ၁၆ ရက်နေ့က လူစုလူဝေးပြုလုပ်ခဲ့တဲ့ အိမ်ရှင် ၁ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပဒါန်းကျေးရွာအတွင်းရှိ နေအိမ်တအိမ်မှာ လူဦးရေ ၁၁ ဦးလောက် လူစုလူဝေးပြုလုပ်နေတဲ့လို့ သတင်းရတဲ့အတွက် COVID-19 ရောဂါ ကာကွယ်နိုင်ဖို့ ကျေးရွာရာအိမ်မှူးက သွားရောက်တားမြစ်ရာမှာ မလိုက်နာတဲ့အတွက် အခုလို အမှုဖွင့်အရေးယူခဲ့တာလို့ ပဒါန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်မင်းက ပြောပါတယ်။

 “ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ ထပ်မံတားမြစ်ရာမှာ မချေမငံပြန်လည်ပြောဆိုခဲ့ပြီး မုန့်လုပ်စားပြီးရင် ပြန်မယ်လို့ ပြောပါတယ်။ အိမ်ထောင်စု စာရင်းအရ အဲဒီအိမ်မှာ မိသားစုဝင် သုံးဦးသာရှိပြီး ပြင်ပနေအိမ်တွေက ၈ ဦးလာရောက်နေတာဖြစ်လို့ လူစုခွဲဖို့ အကြိမ်ကြိမ်တားမြစ်ခဲ့ပေမဲ့ လိုက်နာမှုမရှိလို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြပြီးအမှုဖွင့်ခဲ့တာပါ။” 

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူစုလူဝေးပြုလုပ်ခဲ့တဲ့ အိမ်ပိုင်ရှင်ဒေါ်လှကို ပဒါန်းနယ်မြေ ရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းမှာ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်အောင် လူစုလူဝေးပြုလုပ်ခဲ့တဲ့ အိမ်ရှင်ကို ပထမဦးဆုံး အမှုဖွင့်တာလို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013