DVB Logo
Home
မြန်မာသတင်း
ပုသိမ်ဆေးရုံတွင် တရုတ်စကားပြန်အပါအဝင် အထည်ချုပ်ဝန်ထမ်း ၃ ဦးကို စောင့်ကြည့်နေ
DVB
·
April 16, 2020
ပုသိမ်ဆေးရုံတွင် တရုတ်စကားပြန်အပါအဝင် အထည်ချုပ်ဝန်ထမ်း ၃ ဦးကို စောင့်ကြည့်နေ
Donate to DVB

အထည်ချုပ်စက်ရုံဝန်ထမ်းတွေ ဖြစ်တဲ့ တရုတ်ဘာသာပြန်အပါအဝင် အလုပ်သမား ၃ ဦးကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ သံသယလူနာအဖြစ် စောင့်ကြည့်နေရတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

တရုတ်ဘာသာပြန်ဖြစ်တဲ့ အမျိုးသား တဦးဟာ ပုသိမ်ဆေးရုံကို ဧပြီ ၁၅ ရက်နေ့က လာတက်ပြီး နောက်တစ်ဦးက အပြင်ဆေးခန်းတွေမှာ လိုက်ပြနေလို့ ဆေးရုံကြီးကို ခေါ်ထားရတာ ဖြစ်ပြီး နောက်ဆုံးတစ်ဦးကတော့ ဆေးရုံကို မနေ့က ၁၁ နာရီလောက်က ရောက်လာလို့ သီးသန့်ခွဲ ထားပြီး စစ်ဆေးနေတယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဒီဗွီဘီကိုပြောပါတယ်။

"အားလုံးကတော့ ကျန်းမာရေးကောင်းတယ်၊ အဓိကတော့ ဖျားတယ်၊ လည်ချောင်းနာတယ် အဲ့လို ပုံစံတွေရှိလို့ ဆေးရုံမှာ စောင့်ကြည့်နေတာ၊ ဓာတ်ခွဲစစ်ဆေးချက်တွေကိုတော့ မနေ့က ပို့လိုက်လို့ ညပိုင်းမှာ ရန်ကုန်ရောက်သွားပါပြီ၊ မနက်ဖြန် မနက်ပိုင်း အဖြေသိရမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။

ဆေးရုံခေါ်စောင့်ကြည့်နေရတဲ့ အထည်ချုပ်ဝန်ထမ်း ၃ ဦးဟာ လည်ချောင်းနာတာ၊ ဖျားတာ၊ ချောင်းဆိုတာ စတဲ့ လက္ခဏာတွေရှိတာကြောင့် ခေါ်ယူစောင့်ကြည့်တာတွေပြုလုပ်နေတာ ဖြစ်ပြီး ၃ ဦးလုံးကတော့ စက်ရုံမတူသလို ဘာသာပြန် ၁ ဦး၊ ကွန်ပျူတာသမား ၁ ဦးနဲ့ အထည်ချုပ်ပိုင်းက ၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ ရှိတဲ့ အထည်ချုပ်စက်ရုံ ၈ ရုံကို သင်္ကြန်ပိတ်ရက်နဲ့တိုက်ပြီး ဧပြီလ ၉ ရက် ၁၀ ရက်နေ့တွေကစပြီး ၁၀ ရက်ကြာပိတ်ထားခဲ့တာဖြစ်ပြီး ဧပြီလ ၂၀ ရက် အလုပ်ပြန်ဆင်းရမှာပါ။ အဆိုပါ အထည်ချုပ်စက်ရုံတွေမှာ အလုပ်ဆင်းနေတဲ့ အလုပ်သမားအင်အား ၁၀၀၀၀ နီးပါးရှိတယ်လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က တာဝန်ရှိသူကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း အထည်ချုက်စက်ရုံတွေ မပိတ်ပေမယ့် ဝန်ကြီးဌာနရဲ့ ကျန်းမာရေး အသိ ပညာပေးထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိတဲ့ စက်ရုံတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီးက ပြောပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013