DVB Logo
Home
မြန်မာသတင်း
ပုသိမ်ဆေးရုံတွင် အထည်ချုပ်ဝန်ထမ်း ၁ ဦးကို သံသယလူနာအဖြစ် စောင့်ကြည့်နေ
DVB
·
April 23, 2020
ပုသိမ်ဆေးရုံတွင် အထည်ချုပ်ဝန်ထမ်း ၁ ဦးကို သံသယလူနာအဖြစ် စောင့်ကြည့်နေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ၁ ဦးကို သံသယလူနာအဖြစ် စောင့်ကြည့်နေတယ်လို့  ဆေးရုံအုပ်ကြီးက ဒီဗွီဘီ ပြောပါတယ်။

သံသယလူနာအဖြစ်စောင့်ကြည့်ခံနေရတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးဟာ ဧပြီ ၂၃ ရက် မနက် အစောပိုင်းက ဆေးရုံတက်ရောက်လာတာဖြစ်ပြီး လောလောဆယ်တော့ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က "ချောင်းဆိုးနေတာ သူက မနက်က ၂ နာရီကျော်လောက် သူဘာသာ ဆေးရုံတက်လာတာပါ။ ဓာတ်ခွဲ စစ်ဆေးဖို့ လိုအပ်တာတွေယူပြီး ရန်ကုန်ကို အခု ပို့လိုက်ပါပြီ သံသယဆိုတော့ ဒီညအဖြေမှာ ပါချင်မှ ပါမယ် " လို့ ပြောပါတယ်။

သံသယလူနာအဖြစ်စောင့်ကြည့်ခံနေရတဲ့ အထည်ချုပ်စက်ရုံဝန်ထမ်းအမျိုးသမီးဟာ ဧပြီ ၈ ရက်နေ့ သင်္ကြန်ကာလ ရုံးပိတ်ရက်ကစပြီး အလုပ်ပြန်ဖွင့်ချိန်မှာ အလုပ်ပြန်ဆင်းတာမျိုးတော့ မရှိခဲ့ဘူးလို့ ဆရာဝန်ကြီးကပြောပါတယ်။

ပုသိမ်မြို့မှာ သင်္ကြန်ကာလက ပိတ်ထားခဲ့တဲ့ အထည်ချုပ်စက်ရုံတွေ ဧပြီ ၂၀ ရက်က ပြန်ဖွင့်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးတာတွေ အဆင်သင့်မဖြစ်သေးတာနဲ့ စက်ရုံဝန်ထမ်းတွေ တန်းစီပြီး လူစုလူဝေးပုံစံမျိုးဖြစ်နေတာကြောင့် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေနဲ့အတူ စိုးရိမ်မှုတွေမြင့်တက်လာခဲ့လို့ ဧပြီ ၂၂ ရက်က စတင်ပြီး လကုန်အထိ စက်ရုံတွေပိတ်ထား ပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၁၆ ရက်က အထည်ချုပ်စက်ရုံက တရုတ်စကားပြန် အပါအဝင် ဝန်ထမ်း ၃ ဦးကို COVID-19 ရောဂါသံသယရှိလို့ စောင့်ကြည့်တာတွေ ပြုလုပ်ခဲ့ရပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013