DVB Logo
Home
မြန်မာသတင်း
အဆိုတော်နီတာ နေထိုင်ခဲ့သည့်  အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်းရှိ နေအိမ်ကို Lockdown ချထား
DVB
·
April 16, 2020
အဆိုတော်နီတာ နေထိုင်ခဲ့သည့်  အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်းရှိ နေအိမ်ကို Lockdown ချထား
Donate to DVB

အဆိုတော်နီတာနေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊  အင်းစိန်မြို့နယ် (၁၀) မိုင်ကုန်းကနေအိမ်ကို အသွားအလာကန့်သတ်တားဆီးပိတ်ပင်  Lockdown လုပ်ထားတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

ဧပြီ ၁၆ ရက် မနက်ပိုင်းက ထုတ်ပြန်လိုက်တဲ့ COVID-19 အတည်ပြုလူနာ ၁၁ ဦးထဲမှာ အဆိုတော်နီတာလည်း  ပါဝင်ခဲ့ပါတယ်။ 

အတည်ပြုလူနာစာရင်းထုတ်ပြန်လိုက်တဲ့ မနက်မှာပဲ အဆိုတော်နီတာနေခဲ့တဲ့ အင်းစိန်မြို့နယ်က နေအိမ်ကို Lockdown လုပ်လိုက်တာလို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဆိုပါတယ်။ 

အဆိုတော်နီတာက ဧပြီလ ၁ရက်ကနေ ၈ ရက်အထိ ဖျားခဲ့တဲ့အတွက် ဆေးခန်းတခုမှာ သွားရောက်ပြသခဲ့တာကြောင့် သူနဲ့ ထိတွေ့ခဲ့တဲ့ ဆရာဝန်နဲ့ ဆေးအကူဝန်ထမ်းကိုလည်း ဆက်သွယ်စုံစမ်းနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဆိုတော်နီတာနဲ့ ထိတွေ့ခဲ့တဲ့ ဆွေမျိုးတော်စပ်သူတွေကိုလည်း home quarantine လုပ်ထားတယ်လို့ သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောပါတယ်။

သင်းသင်းဇော်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013