DVB Logo
Home
မြန်မာသတင်း
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ကွယ်လွန်
DVB
·
April 16, 2020
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ကွယ်လွန်
Donate to DVB

မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ရှေ့တန်းက တက်တက်ကြွကြွပါဝင်ခဲ့တဲ့  အသက် ၉၉ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းဟာ ဧပြီ ၁၆ ရက်က ကွယ်လွန်သွားပါတယ်။

သခင်ချန်ထွန်းကို ကျောက်ပန်းတောင်းမြို့နယ် မဲထီးရွာမှာ တောင်သူလယ်သမား မြေပိုင်ရှင် ဦးဖိုးဆင့်နဲ့ ဒေါ်မြကြီးတို့မှ မွေးဖွားခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်၊ ဇွန်လမှ ၁၉၁၀ ပြည့်နှစ် မတ်လအထိ မန္တလေးမြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းမှာ ငါးတန်းမှ ဆယ်တန်းအောင်တဲ့ အထိ ပညာသင်ယူခဲ့ပြီး ဆယ်တန်းကို ပါဠိဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါတယ်။

၁၉၄၀- ၄၁ ခုနှစ်ထုတ် ဥပစာကောလိပ်ကျောင်းမဂ္ဂဇင်းကို မြန်မာစာတည်းအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် မှာ  ဥပစာ အထက်တန်းကျောင်းစာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ မန္တလေးမြို့လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

 အင်္ဂလိပ်နဲ့ ဂျပန်တော်လှန်ရေးတွေမှာ ပါဝင်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ တံတားဦးမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် အမတ်အဖြစ် အရွေးခံရပါတယ်။ 

၁၉၇၄ ခုနှစ်၊ အောက်တိုဘာလမှ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆောင်ရွက်စဉ် မွန်ဂိုလီးယား နဲ့  မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း ပူးတွဲထမ်းဆောင်ခဲ့ ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013