DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း Quarantine နေသူများကို Hot Line ကတဆင့် စိတ်ပိုင်းဆိုင်ရာ ကုစားပေးနေ
DVB
·
April 13, 2020
စစ်ကိုင်းတိုင်းအတွင်း Quarantine နေသူများကို Hot Line ကတဆင့် စိတ်ပိုင်းဆိုင်ရာ ကုစားပေးနေ
Donate to DVB

စစ်ကိုင်းတိုင်းမှာ Quarantine နေထိုင်နေသူတွေကို လူမှုဝန်ထမ်းဦးစီးဌာနကနေ Hot Line ကတဆင့် စိတ်ပိုင်းဆိုင်ရာ ကုစားပေးနေတယ်လို့ သိရပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ ဧပြီလ ၁၀ ရက်နေ့ကထုတ်ပြန်တဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်း Facility Quarantine ၆၈၀၀ ကျော်ရှိပြီး လူဦးရေစုစုပေါင်း ၂ သောင်းကျော်ရှိပါတယ်။ 

တိုင်းအတွင်း Facility Quarantine ထားရှိသူတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ လူမှုဝန်ထမ်းဦးစီးဌာနကနေ Psycho Social Support-PSS ကို Hot Line ကတဆင့် ရရှိအောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

"Qarantine Site တွေမှာ Psycho Social Support-PSS ကို ရရှိနိုင်ပါတယ်ဆိုတဲ့ ဗွီနိုင်းဆိုင်းဘုတ်တွေကိုလည်း ချိတ်ဆွဲပေးထားပါတယ်။ အော်ပရေတာ ၄ မျိုးထားရှိပြီး အခမဲ့ဖုန်းခေါ်ဆိုနိုင်ပါတယ်။ ကလေး၊ မုံရွာ၊ ရွှေဘို၊ ခန္တီးတို့က ရုံးတွေမှာ Hot Line တွေ ဖွင့်ထားပါတယ်။ ဧပြီ ၁၀ ရက်နေ့က စတင်ပြီး မနက် ၉ နာခွဲကနေ ညနေ ၄ နာရီခွဲအထိပေါ့။ ၁၀ ရက်နေ့ကတော့ ခေါ်ဆိုမှု ၁ ခုရတယ်။ ၁၁၊ ၁၂ ရက်တွေမှာတော့ ခေါ်ဆိုတာ မရှိပါဘူး။ လူကိုယ်တိုင်သွားရောက်ပြီး လုပ်ဖို့တော့ ညွှန်ကြားထားတာမရှိပါဘူး" လို့ စစ်ကိုင်းတိုင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ပြောပါတယ်။

Quarantine ရက်တွေကိုလည်း အရင် ၁၄ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ အရင် ရက်ပြည့်လို့ပြန်လွှတ်ပြီးသားသူတွေကိုတော့ မပါတော့ပေမယ့် လက်ရှိ Quarantine ဝင်နေသူတွေကိုတော့ သတ်မှတ်တဲ့အတိုင်း ၂၁ ရက်နေ့ထိ နေထိုင်သွားဖို့ ဆောင်ရွက်ပေးရမယ်လို့ လူမှုရေးဝန်ကြီးကလည်း ပြောပါတယ်။

Quarantine နေထိုင်သူတွေက နေအိမ်မိသားစုနဲ့ခွဲပြီးနေထိုင်ကြရတာဖြစ်လို့ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက်သာမကဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ကုစားပေးဖို့ လိုအပ်နေတာပါ။

“တစ်ယောက်တည်း သီးသန့်နေရတာ ကြာလာတဲ့အခါ နေထိုင်စားသောက်ရေး အဆင်ပြေရင်တောင်မှ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလိုဆိုတော့ သက်ဆိုင်ရာ မူဝါဒရေးဆွဲသူတွေက နေထိုင်စားသောက်ရေးတင်မက စိတ်ဓာတ်ခွန်အား မြှင့်တင်ဆောင်ရွက်ရေးတွေပါ စီစဉ်သင့်တယ်။ သူတို့တင် မနိုင်နင်းရင် လူမှုရေးအသင်းအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေပါ ဖိတ်ခေါ်ပြီး လုပ်ဆောင်သင့်တယ်” လို့ ကိုဗစ်ကာကွယ်ရေးမှာ စေတနာ့ဝန်ထမ်းဆောင်ရွက်ပေးနေသူ ဦးစိုးဝင်းဆွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းလူငယ့်ရေးရာကော်မတီကနေ လူငယ်စေတနာ့ဝန်ထမ်းတွေကို ခေါ်ယူနေပြီး လူပေါင်း ၅၀၈ ယောက်လျှောက်ထားတာ ရှိတယ်လို့ သိရပါတယ်။

အဲဒီလူငယ်တွေကိုလည်း Quarantine နေရာတွေမှာ အပြင်စည်း၊ အတွင်းစည်းတွေကနေ ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် ခေါ်ယူတာဖြစ်ပြီး ဘယ်သူတွေက အပြင်စည်းနေမယ်။ ဘယ်သူတွေက အတွင်းစည်းနေမယ် ဆိုတာကိုတော့ ခွဲခြမ်းနေဆဲ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ညွှန်ကြားရေးမှူးကက ပြောပါတယ်။ 

ဒီလူငယ်စေတနာ့ဝန်ထမ်း ၅၀၈ ယောက်ကိုတော့ သူတို့နဲ့ အနီးဆုံး Quarantine Site တွေမှာ ခွဲဝေချထားပေးမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013