
ပဲခူးတိုင်းဒေသကြီးအတွင်း သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခံနေတဲ့ ပြည်ပကပြန်လာသူပေါင်း ၅၈၇၂ ယောက်ရှိပြီး သံသယလူနာ ၈ ယောက်ရှိတယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
ဧပြီ ၁၁ ရက် နေ့လယ် ၁၂ နာရီစာရင်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး ပဲခူးတိုင်း တတိုင်းလုံးမှာ Facility Quarantine နေရာ ၇၈၉ ခု ရှိတယ်လို့လည်း သိရပါတယ်။
ပဲခူးခရိုင်ထဲမှာ ပြည်ပကနေပြန်လာသူ ၂၂၃၇ ယောက်ကို စောင့်ကြည့်နေပြီး ဆေးရုံမှာ သံသယလူနာ ၂ ယောက်၊ တောင်ငူခရိုင်မှာ ပြည်ပကပြန်လာသူ ၁၃၈၄ ယောက်ရှိပြီး သံသယလူနာ ၃ ယောက်၊ ပြည်ခရိုင်မှာ ပြည်ပကပြန်လာသူ ၁၆၅၄ ယောက်နဲ့ သံသယလူနာ ၃ ယောက်၊ သာယာဝတီခရိုင်မှာတော့ ပြည်ပက ပြန်လာသူ ၅၉၇ ယောက်ရှိပြီး သံသယလူနာ မရှိဘူးလို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။











