DVB Logo
Home
မြန်မာသတင်း
ဆရာဝန် ၁ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ ဦး ထပ်တွေ့
DVB
·
April 12, 2020
ဆရာဝန် ၁ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ ဦး ထပ်တွေ့
Donate to DVB

ဧပြီ ၁၁ ရက် မနေ့က စောင့်ကြည့်လူနာတွေ၊ ဆေးရုံတွေနဲ့ သက်ဆိုင်ရာနေရာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေသူပေါင်း အယောက် ၂၃၀ ရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှာ ဆရာဝန်တယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ ယောက်တွေ့ခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၁၁ ရက် ည ၈ နာရီမှာ ဆရာဝန်တယောက် အပါအဝင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၃ ယောက် တွေ့ရတာကို ထုတ်ပြန်ပြီး ဧပြီ ၁၂ ရက် နေ့ မနက် ၂ နာရီ မှာတော့ နောက်ထပ်အတည်ပြုလူနာ ၇ ယောက်တွေ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-029) ဟာ ရှမ်းပြည်နယ် တောင်ကြီးမှာနေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မတ် ၂၈ ရက်မှာ အင်္ဂလန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် မင်္ဂလာဒုံမြို့နယ်က သတ်မှတ် အဆောက်အဦတခုမှာ အသွားအလာ ကန့်သတ်နေထိုင်ခဲ့ပြီး လက်ရှိမှာတော့ တောင်ကြီးမြို့၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-030) ဟာ မေ့ဆေးအထူးကု ဆရာဝန်တယောက်ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာတယောက်ကို အနီးကပ်ဆေးကုပေးခဲ့တဲ့ ရာဇဝင်ရှိပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-031) ကတော့ ချင်းပြည်နယ်၊ တီးတိန်မှာနေတဲ့ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး (Case-001) ဟာ သူ့အိမ်မှာ ညအိပ်တည်းခိုခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-032) ဟာ ရန်ကုန်တိုင်း၊ လှည်းကူးမှာနေတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မတ် ၂၃ ရက်ကစလို့ ဖျားတာ၊ ချောင်းဆိုးတာတွေ ခံစားရတာကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ အသက် (၃၈)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၂၃-မတ် ၂၈ ရက်မှာ  လှည်းကူးပြည်သူ့ဆေးရုံကို သွားရောက်ပြသခဲ့ပါတယ်။ သူ့မှာ လွန်ခဲ့တဲ့ ၃ လလောက်က တရုတ်နိုင်ငံကို သွားခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-033) ဟာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမှာနေတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ခရီးသွားရာဇဝင်မရှိဘဲ ဧပြီ ၇ ရက်ကစလို့ ဖျားတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာတွေ ဖြစ်ခဲ့လို့ ဧပြီ ၁၀ ရက်မှာ အင်းစိန်ပြည်သူ့ ဆေးရုံကြီးဆီ သွားရောက် ပြသခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-034) ဟာ ရန်ကုန်တိုင်း၊ အင်းစိန်က အသက် ၂၀ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဧပြီ ၈ ရက်ကစလို့ ဖျားတာ၊ လည်ချောင်းနာတာကို ခံစားခဲ့ရပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-035) ဟာ ရန်ကုန်တိုင်း၊ အင်းစိန်က အသက် ၂၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဧပြီ ၈ ရက်ကစလို့ အသက်ရှူကြပ်တာ၊ လည်ချောင်းနာတာကို ခံစားခဲ့ရပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-036) ဟာ ရန်ကုန်တိုင်း၊ အင်းစိန်က အသက် ၃၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဧပြီ ၈ ရက်ကစလို့ ဖျားတာ၊ လည်ချောင်းနာတာနဲ့ နှာရည်ယိုတာကို ခံစားခဲ့ရပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-037) ဟာ ရန်ကုန်တိုင်း၊ အင်းစိန်က အသက် ၄၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဧပြီ ၈ ရက်ကစလို့ ဖျားတာ၊ ချောင်းဆိုးတာကို ခံစားခဲ့ရပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-038) ကတော့ ဟာ ရန်ကုန်တိုင်း၊ အင်းစိန်က အသက် ၇၈ နှစ် အရွယ် အမျိုးသမီးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ပြည်ပကို ခရီးသွားခဲ့တာ မရှိဘဲ မတ် ၂၆ ရက်ကစလို့ ဖျားတာ၊ ချောင်းဆိုးတာနဲ့ ဝမ်းသွားတာတို့ ဖြစ်ခဲ့တာကြောင့် ဧပြီ ၁၀ ရက်မှာ အင်းစိန်ပြည်သူ့ ဆေးရုံကြီးဆီ သွားရောက်ပြသခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြု လူနာတွေဖြစ်တဲ့ (Case-034)၊ (Case-035)၊ (Case-036) နဲ့ (Case-037) တို့ဟာ ခရီးသွားရာဇဝင်တွေ မရှိပေမယ့် နိုင်ငံခြားသားတွေပါတဲ့ ဘာသာရေးအခမ်းအနားကို အတူ တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိပါတယ်။

လတ်တလောမှာတော့ သူတို့အားလုံး ကျန်းမာရေးကောင်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဧပြီ ၁၂ ရက်အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၃၈ ယောက်၊ သေဆုံးသူ ၃ ယောက်နဲ့ ပြန်ပြီး သက်သာလာသူ ၂ ယောက်ရှိနေပြီ ဖြစ်ပါတယ်။

ဓာတ်ခွဲ အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်အကြောင်းကြားစေလိုတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013