DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် ဈေးများတွင် အရပ်ဘက်အဖွဲ့များက Mask များ အခမဲ့ဖြန့်ဝေ၍ အသိပညာပေး
DVB
·
April 11, 2020
ရေးမြို့နယ် ဈေးများတွင် အရပ်ဘက်အဖွဲ့များက Mask များ အခမဲ့ဖြန့်ဝေ၍ အသိပညာပေး
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်အရပ်ဘက်အဖွဲ့တွေ စုပေါင်းပြီး ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်းက မြို့နယ်အတွင်းရှိ ဈေးတွေမှာ Mask တွေ အခမဲ့လိုက်လံဝေတာနဲ့ COVID-19 ရောဂါ အသိပညာပေးခဲ့ကြပါတယ်။

COVID-19 ရောဂါကာကွယ်ရေးနဲ့ ထောက်ပံ့ရေးအရပ်ဘက်အဖွဲ့က ဦးဆောင်ကာ အဖွဲ့များခွဲပြီး မြို့နယ်အတွင်းရှိ ဈေးတွေမှာ ပြုလုပ်ဆောင်ရွက်ခဲ့ကြတာပါ။

COVID-19 ရောဂါကာကွယ်ရေးနဲ့ ထောက်ပံ့ရေးအရပ်ဘက်အဖွဲ့က ဦးအောင်ကိုကိုဦးက'' Mask တွေစနစ်တကျတပ်ဖို့နဲ့ တပ်ဆင်ပြီး Mask တွေကို စနစ်တကျစွန့်ပစ်ဖို့ရယ်၊ ဒီရောဂါနဲ့ပတ်သက်လို့ လိုက်နာရန်အချက်အလက်တွေကို ထိထိရောက်ရောက် လိုက်နာကြဖို့ လှုံ့ဆော်ပေးခဲ့ကြပါတယ်။ Mask တွေ ဝေတာထက် တပ်ရမယ်၊ တပ်သင့်တယ် တပ်ကြဖို့လိုတယ်ဆိုတဲ့ အတွေးအသိတခု ထည့်ပေးလိုက်တာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေးမြို့၊ မြသီတာဈေးမှ ကုန်စုံဆိုင်ရှင်တဦးက ''Mask တပ်ဆင်မှုတွေနဲ့ပတ်သက်လို့က ဝယ်သူရော၊ ရောင်းသူပါ လိုက်နာဆောင်ရွက်နေမှုအားနည်းချက်တွေကများတယ်၊ မတပ်ကြသူတွေ အများကြီးပဲ။ နောက်တခု နေ့တိုင်းဝယ်ဖို့ မတတ်နိင်ကြတာတွေရှိတယ်၊ ပျံကျတွေအတွက်တော့ အမြဲတမ်း ဝေပေးနိုင်ရင်တော့ကောင်းပေမယ့် မလွယ်လောက်ဘူးထင်တယ်" လို့ ပြောပါတယ်။

ဧပြီ ၁၀ ရက်နေ့က Mask ၃၀၀၀ ကျော် အခမဲ့လိုက်လံပေးဝေပေးခဲ့ကြပြီး အသိပညာပေးမှုနဲ့ Mask အခမဲ့ပေးဝေမှုတွေကို ကျန်ရှိ ကျေးရွာတွေရဲ့ ဈေးတွေမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ရေးမြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့တွေဟာ သက်ဆိုင်ရာရပ်ကွက်နဲ့ ကျေးရွာတွေအလိုက် ညစဉ် COVID-19 ရောဂါနဲ့ပတ်သက်လို့ အသိပညာပေးလှုံ့ဆော်တာ၊ လက်သန့်ဆေးရည်တွေဝေငှတာနဲ့ ကျေးရွာအဝင် စောင့်ကြည့်စစ်ဆေးတာတွေ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။



ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013