DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း နာဂဒေသနှင့် မြို့ကြီး ၃ မြို့ရှိ ဝင်ငွေနည်းမိသားစုများကို ရိက္ခာစတင်ပေးဝေ
DVB
·
April 11, 2020
စစ်ကိုင်းတိုင်း နာဂဒေသနှင့် မြို့ကြီး ၃ မြို့ရှိ ဝင်ငွေနည်းမိသားစုများကို ရိက္ခာစတင်ပေးဝေ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုနဲ့ နာဂဒေသအချို့မှာ ဝင်ငွေနည်းမိသားစုတွေကို အစိုးရကနေ ရိက္ခာပေးဝေမှု ဧပြီလ ၁၀ ရက်နေ့ကနေ စတင်လိုက်ပါတယ်။ 

မုံရွာမြို့ပေါ်က ရပ်ကွက် ၅ ခုက ဝင်ငွေနည်းမိသားစုဦးနေ ၉၀၀ ဝန်းကျင်ကို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းတို့က ပေးအပ်ခဲ့ပါတယ်။

စစ်ကိုင်း၊ ရွှေဘိုတို့မှာလည်း ဝန်ကြီးတွေ နေရာခွဲကာ သွားရောက်ပေးအပ်ခဲ့သလို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာလည်း ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းတို့က ဝင်ငွေနည်းမိသားစုတွေကို ရိက္ခာတွေ ထောက်ပံ့ပေးအပ်ခဲ့ကြတာပါ။

“အိမ်ထောင်စုတစုကို အနီး အဝေးအလိုက် ၁၅၀၀၀ ကနေ ၁၇၀၀၀ လောက်ပေါ့။ ပြည်ထောင်စုက ခွင့်ပြုတာတော့ အိမ်ထောင်စုတစု ၂ သောင်းကျပ်ဖိုးပေါ့။ ဒါပေမဲ့ ဒီမှာတော့ သေချာတွက်လိုက်တဲ့အခါ ၁၅၀၀၀ နှင့် ၂ သောင်းကြားပေါ့။ နာဂဒေသတွေမှာတော့ သယ်ယူစရိတ်များတဲ့အတွက် ပိုမိုကုန်ကျမှာဖြစ်ပါတယ်။ အဲဒီနှုန်းနဲ့ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ တိုင်းဒေသကြီးအစီအစဉ်နဲ့ စိုက်ပြီး ဝယ်ထားရတာပေါ့” လို့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ ဝင်ငွေနည်းအိမ်ထောင်စု ၄၄၀၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၈ သိန်းကျော်ရှိပါတယ်။ အများစုက ရွှေဘိုခရိုင်ကဖြစ်ပြီး ဒုတိယအများဆုံးက မုံရွာခရိုင်ဖြစ်ကာ အနည်းဆုံးကတော့ တမူးခရိုင်က ဖြစ်ပါတယ်။ 

အိမ်ထောင်စုတစုအတွက် ဆန် ၈ ပြည်၊ ဆား ၅၀ သား၊ ဆီ ၅၀ သား၊ ကြက်သွန် ၁ ပိဿာ၊ ပဲ ၁ ပိဿာ စတဲ့ အခြေခံစားသောက်ကုန် ၅ မျိုးကို ထောက်ပံ့ပေးမှာဖြစ်ပြီး စုစုပေါင်း ကျပ်သန်း ၅၅၀၀ ကျော်သုံးစွဲသွားမယ်လို့ သိရပါတယ်။ 

တချို့နေရာတွေမှာတော့ ပုံမှန်ဝင်ငွေမရှိသူ၊ ဝင်ငွေနည်းမိသားစု၊ အခြေခံလူတန်းစား သတ်မှတ်ချက်တွေမှာ မကျေလည်တာတွေလည်း ရှိနေပြီး ပါသင့်သူတွေ မကျန်ရအောင်၊ စားဝတ်နေရေး ချောင်လည်နေသူတွေ မပါရအောင် ရပ်ကျေးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းက မုံရွာမြို့အပြင် တခြားမြို့တွေမှာ သီးသန့် ၁၄ ရက်စောင့်ကြည့်သူတွေထဲက ရက်ပြည့်သူတွေကို ကျန်းမာရေးထောက်ခံချက်နဲ့ ပြန်လွှတ်ပေးတာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013