DVB Logo
Home
မြန်မာသတင်း
သာစည်တွင် တရက်တည်း အဓမ္မပြုကျင့်မှု ၂ မှု ဖြစ်ပွား
DVB
·
April 10, 2020
သာစည်တွင် တရက်တည်း အဓမ္မပြုကျင့်မှု ၂ မှု ဖြစ်ပွား
Donate to DVB

မန္တလေးတိုင်း သာစည်မြို့မှာ ဧပြီ ၉ ရက် တရက်တည်း မိန်းကလေးငယ် ၂ ဦးအား အဓမ္မပြုကျင့်မှု ၂ မှု ဖြစ်ပွားခဲ့တယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။

သာစည်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "ကျောက်ပနားရွာအနီး မန်ကျည်းတံခါး ဘုန်းတော်ကြီးကျောင်းမှာ ၁ မှု ဖြစ်တယ်။ နောက်တမှုကတော့ အောင်မြင်သာရွာမှာ ဖြစ်သွားတယ်။ အဓမ္မပြုကျင့်မှု ၂ မှု အမှုဖွင့် အရေးယူထားတယ်" လို့ ပြောပါတယ်။

ကျောက်ပနားရွာ အရှေ့တောင်ဘက် မန်ကျည်းတံခါးဘုန်းတော်ကြီးကျောင်းမှာ ရေတွင်းတူးပေးနေသူရဲ့သမီး အသက် ၅ နှစ်ကျော်အရွယ် ကလေးမကို ၆၅ နှစ်ရှိ ဦးပဉ္စင်းကြီး တပါးက ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ဖခင်ဖြစ်သူက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

အောင်မြင်သာရွာနေ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို ကျီတိုင်ကုန်းရွာနေ အသက် ၁၉ နှစ်အရွယ် လူငယ်တဦးက မြင်းခြံမြို့ကို ၂ ကြိမ် ခိုးယူပြီး ဖြားယောင်းသွေးဆောင်ကာ အဓမ္မပြုကျင့်တယ်ဆိုပြီး ဖခင်လုပ်သူက အမှုဖွင့်ထားတယ်လို့ ရဲအရာရှိက ပြောပါတယ်။

သာစည်မြို့မရဲစခန်းက ၆၅ နှစ်ရှိ ဦးပဉ္စင်းကြီးကို အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၇၆၊ ၁၉ နှစ် လူငယ်ကိုတော့ ခိုးယူမှု၊ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ နဲ့ အသီးသီး အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013