DVB Logo
Home
မြန်မာသတင်း
တပ်မတော်သားနှင့် မှီခိုသူ ၃၇၉  ဦးကို Quarantine ထားပြီး စောင့်ကြည့်နေ
DVB
·
April 9, 2020
တပ်မတော်သားနှင့် မှီခိုသူ ၃၇၉  ဦးကို Quarantine ထားပြီး စောင့်ကြည့်နေ
Donate to DVB

တပ်မတော်အတွင်း COVID-19  ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ ရှိသူမရှိ သေးဘဲ  ဆေးရုံ၊ နေအိမ်နဲ့ သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ် Quarantine လုပ်စောင့်ကြည့်ခံနေရတဲ့  တပ်မတော်သားနဲ့ မှီခိုသူ ပေါင်း ၃၇၉ ဦးရှိတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။  

ဧပြီ ၈ ရက်နေ့အထိ Hospital Isolation စောင့်ကြည့်သူ တပ်မတော်သား(၁)ဦး၊ မှီခို(၂)ဦး၊ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား(၁၄)ဦး၊ မှီခို(၁၄) ဦး၊ Home Quarantine စောင့်ကြည့်သူ၊ တပ်မတော်သား(၁၆၁)ဦး၊ မှီခို(၈၈)ဦး၊ Facility Quarantine စောင့်ကြည့်သူ တပ်မတော်သား(၄၄)ဦး၊ မှီခို(၅၅)ဦး ရှိတယ်လို့ တပ်မတော်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဧပြီလ ၈ ရက်က နေပြည်တော် ကာကွယ်ရေးဦးစီးချူပ်ရုံး (ကြည်း) အစည်းအဝေးခန်းမမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီမင်းအောင်လှိုင်နဲ့ တပ်မတော် အရာရှိကြီးတွေ COVID- 19 အရေးအတွက် ဒုတိယအကြိမ်တွေ့ဆုံခဲ့ပါတယ်။

 ဒီတွေ့ဆုံပွဲမှာ တပ်မတော်သားတွေ ထည့်ဝင်လှူဒါန်းထားတဲ့ အလှူငွေတွေနဲ့ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးက တပ်မတော်ဆေးရုံတွေ၊ ပြည်သူ့ဆေးရုံတွေမှာ လိုအပ်တဲ့  ပစ္စည်းတွေ အမြန်ဆုံးပေးပို့နိုင်ဖို့ စီမံဆောင်ရွက်ရေးနဲ့ အဓိကအားဖြင့် ကုသရေးဆိုင်ရာ ဆေးရုံတွေ အတွက် စီစဉ်ဆောင်ရွက်ပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းပြောသွားပါတယ်။

ဒါ့အပြင် အခုလို အခြေအနေမျိုးမှာ ချွေတာရေးက အရေးအကြီးဆုံးဖြစ်ကြောင်း၊ စားရေးသောက်ရေးအတွက် အာဟာရဖြစ်အောင် စားသောက်ဖို့ လိုပေမယ့် အလဟဿ ဖြုန်းတီးမပစ်ရန်လိုကြောင်း၊ လျှပ်စစ်မီးနဲ့ရေကိုလည်း ‌  ချွေတာ သုံးစွဲကြရမှာဖြစ်ကြောင်း၊ လှူဒါန်းငွေတွေနဲ့ ဆေးနဲ့ ဆေးရုံသုံးပစ္စည်းတွေ အမြန်ဆုံးရရှိ ဖြန့်ခွဲပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ကြဖို့လည်းပြောသွားပါတယ်။

အခက်အခဲရှိနေတဲ့ စစ်မှုထမ်းဟောင်း ပင်စင်စားတွေနဲ့  သာမန်ပင်စင်စားတွေအတွက် လိုအပ်တဲ့ စားရေး သောက်ရေး စီစဉ်ပေးဖို့၊ သံဃာတော်တွေ သီလရှင်တွေရဲ့ ဆွမ်း၊ ကွမ်း လိုအပ်ချက်နဲ့ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာတို့အတွက် စားရေးလိုအပ်ချက်ရှိပါက ကူညီဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းပြောသွားပါတယ်။

တပ်မတော်အနေနဲ့ Facility Quarantine  စောင့်ကြည့်ဖို့ ရန်ကုန်စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ပြည်သူ  ၁၃၂ ဦး၊ နေပြည်တော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ပြည်သူ ၂၄၂ ဦး စုစုပေါင်း ၃၇၄ ဦးတို့ကို စောင့်‌ကြည့်ကူညီထားပြီး အားလုံးရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013