DVB Logo
Home
မြန်မာသတင်း
City Hotel တွင် Quarantine လုပ်နေသူ ၁၀၀ ကျော် ရောဂါပိုးမတွေ့သဖြင့် နေအိမ်ပြန်
DVB
·
April 9, 2020
City Hotel တွင် Quarantine လုပ်နေသူ ၁၀၀ ကျော် ရောဂါပိုးမတွေ့သဖြင့် နေအိမ်ပြန်
1 / 4
Donate to DVB

ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ် City Hotel မှာ Quarantine လုပ်ပြီးနေထိုင်နေသူ ၁၀၀ ကျော် ရောဂါပိုးမတွေ့တာကြောင့် ဧပြီ ၉ ရက်နေ့က အိမ်ပြန်ကြပြီလို့ သိရပါတယ်။

သူတို့တွေဟာ ပြည်ပက ပြန်လည်ဝင်ရောက်လာပြီး ၁၄ ရက်ကြာ Quarantine လုပ်နေခဲ့ကြသူတွေပါ။

City Hotel မှာ Quarantine လုပ်သူစုစုပေါင်း ၁၂၃ ဦးရှိပြီး နိုင်ငံခြားသား ၅၇ နဲ့ မြန်မာနိုင်ငံသား ၇၀ကျော်ဖြစ်ပါတယ်။

ဧပြီ ၈ ရက်နေ့မှာ မြန်မာနိုင်ငံသားအယောက် ၂၀ ကျော် အိမ်ပြန်သွားခဲ့ပြီး ဧပြီလ ၉ ရက်နေ့မှာ အယောက် ၈၀ ကျော် အိမ်ပြန်သွားခဲ့တာပါ။

Quarantine  လုပ်နေတဲ့ ၁၄ ရက်လုံးအဆင်ပြေပြီး လူတိုင်း ကိုယ့်အတွက်ပဲ မကြည့်ဘဲ ကိုယ့်မိသားစု ကိုယ့်တိုင်းပြည်အားလုံးအတွက် ၁၄ ရက် Quarantine လုပ်စေချင်ပါတယ်လို့ နေအိမ်ပြန်သူတဦးက ပြောပါတယ်။

City Hotel မှာ Quarantine လုပ်သူတွေထဲ ပြည်ပကပြန်လာသူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးသာ နေမကောင်းလို့ ဆေးခန်းပြရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ကျန်တဲ့ သူအားလုံးကတော့ ကျန်းမာရေးကောင်းမွန်စွာ အိမ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013