DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်၌ ဒေသန္တရအမိန့်ချိုးဖောက်ပြီး မင်္ဂလာဆောင်သည့် သတို့သားနှင့်ဖခင်ကို အမှုဖွင့်
DVB
·
April 9, 2020
အင်္ဂပူမြို့နယ်၌ ဒေသန္တရအမိန့်ချိုးဖောက်ပြီး မင်္ဂလာဆောင်သည့် သတို့သားနှင့်ဖခင်ကို အမှုဖွင့်
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ သရက်ချောင်းကျေးရွာမှာ ဒေသန္တရအမိန့်ချိုးဖောက်ပြီး မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့ သတို့သားနဲ့ ဖခင်ဖြစ်သူကို ဧပြီ ၈ ရက်နေ့က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ (၃၀) နဲ့ အမှုဖွင့်လိုက်တယ်လို့ မဲဇလီကုန်း နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

မင်္ဂလာဆောင်ကို ဧပြီ ၃ ရက်နေ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ရာအိမ်မှူးက ရဲစခန်းကို တိုင်တန်းခဲ့တာလို့ မဲဇလီကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇေယျထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီကို ဧပြီ ၇ ရက်နေ့က သရက်ချောင်း ရာအိမ်မှူးက ကျေးရွာကိုယ်စားပြုပြီး လက်မှတ်ရေးထိုးတိုင်လို့ ဧပြီ ၈ ရက်နေမှာ အမှုဖွင့်ဖမ်းဆီးလိုက်တာ။” 

သတို့သား ဇော်မင်းစိုးနဲ့ သတို့သားဖခင် ဦးမြင့်ရွှေကို လိပ်ပေါင်စွဲအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းလှိုင်က တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်စီမံခန်ခွဲမှုဆိုင်ရာ ဥပဒေ (၃၀) က နဲ့ အမှုဖွင့်ပြီး မဲဇလီကုန်းရဲစခန်းမှာ  ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အင်္ဂပူမြို့နယ်တွင်းမှာ COVID 19 အရေးပေါ်ကာလအနေနဲ့ ပြည်ပက ပြန်လာသူတွေကို မြို့နယ်တွင်းက စာသင်ကျောင်းတွေမှာ facility quarantine center ဖွင့်လှစ်ပြီး လူဦးရေ ၂၅၀ ကျော်ကို ၁၄ ရက် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013