ကယားပြည်နယ်ဝန်ကြီးချုပ် အမိန့်ကြေညာစာထုတ်ပြီး ပြန်ပယ်ဖျက်
DVB
·
April 8, 2020
ကယားပြည်နယ်အတွင်း ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အဝတ်အထည်ဆိုင်တွေကို ဧပြီ ၇ ရက်မှ ၂၂ ရက်အထိ ခေတ္တယာယီ ပိတ်သိမ်းထားရမယ်လို့ ဝန်ကြီးချုပ်က ထုတ်ပြန်ထားတဲ့ အမိန့်စာကို တစ်ရက်အကြာမှာပဲ ပြန်လည်ပယ်ဖျက်လိုက်ပါတယ်။
စားသောက်ကုန်ရောင်းချ ထုတ်လုပ်တဲ့လုပ်ငန်း၊ ဆေးဝါးပစ္စည်းရောင်းချ ထုတ်လုပ်တဲ့ လုပ်ငန်း၊ စက်သုံးဆီ၊ လျှပ်စစ်ဓါတ်ပေးလုပ်ငန်းနဲ့ ဘဏ်တွေကလွဲပြီး တခြားဆိုင်တွေအားလုံး ပိတ်ထားဖို့နဲ့ ခရီးသည်တင်ယာဉ်တွေလည်း ဧပြီ ၇ ရက်ကစပြီး ပြည်နယ်အတွင်း ဝင်ထွက် သွားလာတာကို ယာယီပိတ်ထားမယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိက ဧပြီလ ၆ ရက်နေ့ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ခဲ့တာပါ။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြည်နယ်အတွင်းရှိ ပြည်သူတွေရဲ့ လူမှုစီးပွားအခန်းကဏ္ဏမှာ ထိခိုက်နစ်နာမှု မရှိစေရေး၊ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု မလွန်ရေးအတွက် မျှော်တွေးပြီး ထုတ်ပြန်ထားတဲ့ အမိန့်စာကို လွှမ်းမိုးပယ်ဖျက်ကြောင်း အမိန့်တခု ဧပြီ ၇ ရက်နေ့စွဲနဲ့ ထပ်မံ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။