DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စင်တာ ဖေ့စ်ဘွတ်ခ်မိတ်ဆက်
DVB
·
April 7, 2020
ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စင်တာ ဖေ့စ်ဘွတ်ခ်မိတ်ဆက်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး သတင်းနဲ့အချက်အလက်တွေပါတဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက် စင်တာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖေ့စ်ဘွတ်ခ်က စတင်မိတ်ဆက်လိုက်ပါတယ်။

ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေ အနေနဲ့ COVID-19 နဲ့ ပတ်သက်တဲ့  နောက်ဆုံးရ သတင်းနဲ့ အချက်အလက်တွေ အပါအဝင် ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင် အသိုက်အဝန်းတစ်ခုလုံး ကျန်းမာစွာ နေထိုင်နိုင်ဖို့ နည်းလမ်းနဲ့ အကြံပြုချက်တွေဟာ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက် စင်တာမှာ ပါဝင်မှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်စင်တာမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ နောက်ဆုံးရသတင်းတွေနဲ့ လမ်းညွှန်ချက်တွေကို ဘာသာစကားပေါင်း ၄၀ ကျော်နဲ့ တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာ ကျန်းမာရေးတာဝန်ရှိအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း(WHO) နဲ့ UNICEF တို့ကရတဲ့ နောက်ဆုံးရသတင်းတွေလည်း ပါရှိပါတယ်။

ပြီးတော့ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လိုက်နာသင့်တဲ့ နည်းလမ်းတွေနဲ့ နေထိုင် မကောင်းတဲ့အခါမှာ ဘာတွေလုပ်သင့်လဲ ဆိုတာတို့ ပါဝင်မှာဖြစ်ပြီး တွေ့ဆုံဆက်ဆံမှု လျှော့ချ (social distancing)ချိန်မှာ တယောက်နဲ့တယောက် အဆက်အသွယ်မပြတ်အောင် နေထိုင်နိုင်ဖို့ အကြံပေးချက်တွေလည်း ပါဝင်ပါတယ်။

ဖေ့စ်ဘွတ်ခ်သုံးသူတွေရဲ့ စာမျက်နှာပေါ်မှာ အလိုအလျောက်ပေါ်လာမှာ ဖြစ်ပြီး Follow လုပ်ထားလိုက်ရုံပဲ ဖြစ်ပါတယ်။

ဂူးဂဲလ်ကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သီးသန့်ဘလော့ဂ်တခုကို မတ်လ နောက်ဆုံးပတ်မှာ ဖန်တီးလိုက်ခဲ့ပြီး ဒီထဲမှာ သတင်းတွေ၊ အချက်အလက်တွေ၊ ကာကွယ်နည်း တွေအပြင် တခြား ဂူဂဲလ်ရဲ့ အက်ပ်တွေနဲ့ ချိတ်ဆက်ပြီး ရှာဖွေကြည့်ရှုနိုင်အောင်လုပ်ပေး ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013