အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဂမ်ဟာ ဘာမင်ဂမ်ဖီးနစ် ခရစ်ကတ်အသင်းရဲ့ ရှယ်ယာ ၁ ရာခိုင်နှုန်းကို ပေါင် ၈ သိန်းနဲ့ ဝယ်ယူလိုက်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဘယ်လင်ဂမ်ဟာ ငယ်စဉ်က ခရစ်ကတ်ကစားသမားကောင်းတယောက် ဖြစ်ခဲ့ဖူးသလို သူ့ရဲ့ဘောလုံးသမားဘဝ စတင်ခဲ့ရာ ဘာမင်ဂမ်မြိုနဲ့ အဆက်အသွယ်မပြတ် ရှိနေတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
ဒီသဘောတူညီမှုအရ ဘယ်လင်ဂမ်ဟာ ဘာမင်ဂမ်စီးတီးအသင်းကို ပိုင်ဆိုင်တဲ့ နိုက်ဟတ်ဒ် ရင်းနှီးမြှုပ်နှံမှုအဖွဲ့နဲ့အတူ အက်ချ်ဘာစတန်ကွင်းမှာ ပွဲကြည့်ဖော်တွေ ဖြစ်လာနိုင်ပါတယ်။
ဘယ်လင်ဂမ်ဟာ ငယ်စဉ်က ခရစ်ကတ်ကို ထူးချွန်စွာ ကစားနိုင်ခဲ့သူဖြစ်ပြီး သူသာ ဘောလုံးကို ရွေးချယ်ခြင်းမပြုခဲ့ရင် ခရစ်ကတ်လောကမှာ ထိပ်တန်းကစားသမား ဖြစ်လာနိုင်သူလို့တောင် ချီးကျူးခံခဲ့ရဖူးပါတယ်။










