DVB Logo
Home
မြန်မာသတင်း
စောင့်ကြည့်လူနာအသစ် ၃၈ ဦးရှိဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
DVB
·
April 6, 2020
စောင့်ကြည့်လူနာအသစ် ၃၈ ဦးရှိဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ ဧပြီ ၄ ရက်ကနေ ၅ ရက်နေ့ ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် ၃၈ ဦးရှိပြီး ဆေးရုံတွေက စောင့်ကြည့်လူနာနဲ့ အသွားအလာကန့်သတ်ထားတဲ့ ၅၅ ဦးမှာ  COVID-19 ရောဂါပိုး မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအယောက် ၂၀ ထဲက တီးတိန် ပြည်သူ့ဆေးရုံက လူနာ ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးက လူနာ ၁၁ ဦး၊ ကန်တော်နဒီဆေးရုံက လူနာ ၁ ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးက လူနာ ၁ ဦး၊ လားရှိုးမြို့ပြည်သူ့ဆေးရုံက လူနာ ၁ ဦး၊ ပဲခူးတိုင်းက လူနာ ၄ ဦး၊ စုစုပေါင်း ၁၉ ဦးတို့ရဲ့ ကျန်းမာရေး အခြေအနေ တည်ငြိမ်နေပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၁ ဦးကိုတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၅ ရက်နေ့ညအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၁ ဦး ထိ ရှိပြီဖြစ်ပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်တွေကို တိကျစွာ လိုက်နာပြီး ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013