DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင် စောင့်ကြည့်ရေးစင်တာများ ထောက်ပံ့မှု မရသဖြင့် အခက်အခဲကြုံ
DVB
·
April 5, 2020
ညောင်လေးပင် စောင့်ကြည့်ရေးစင်တာများ ထောက်ပံ့မှု မရသဖြင့် အခက်အခဲကြုံ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် COVID-19 စောင့်​​ကြည့်ရေးစင်တာတွေမှာ ထောက်ပံ့ကူညီမှုတွေ မရရှိတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စောင့်ကြည့်ရေးစင်တာ တာဝန်ရှိသူတွေက ပြောပါတယ်။

စင်တာမှာ လိုအပ်တဲ့ပစ္စည်းတွေကို ကျေးရွာတာဝန်ရှိသူ​တွေက ​ငွေ​​ကြေးစိုက်ထုတ် ဝယ်ယူနေရတာဖြစ်ပြီး လက်ရှိမှာ အထောက်အပံ့မရရှိတာကြောင့် အခက်အခဲ​တွေ ​ဖြစ်နေရတယ်လို့ ရေဖြူကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၈ ရက်နေ့ကစပြီ Facility Quarantine Camp ဖွင့်ကာ ၁၄ ရက် စောင့်ကြည့်စခန်းစစ်​ဆေး​နေတာ ဖြစ်​ပါတယ်။

ပဲခူးတိုင်းအစိုးရက မြို့နယ်​တမြို့နယ်ကို တိုင်းအစိုးရရဲ့ ရန်ပုံငွေထဲက ကျပ်သိန်း ၁၀၀ ကို COVID-19 ကာကွယ်​ရေးအတွက် ကူညီထောက်ပံ့ပေးထားတာ​ဖြစ်ပြီး လက်ရှိအချိန်အထိ ကျေးရွာတွေက စောင့်ကြည့်ရေးစင်တာတွေ ​ထောက်ပံ့ငွေ မရရှိတာဟာ မဖြစ်သင့်ဘူးလို့ နိုင်ငံ​ရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးဘိုတောက်က ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်ကတော့ တိုင်းဒေသကြီးအစိုးရရဲ့ ထောက်ပံ့ငွေကို ကျေးရွာတွေကိုပေးဖို့ စီစဥ်နေပြီး ဒီနေ့ ပေးအပ်သွားမယ်လို့ ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၄ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ ပြည်ပကပြန်လာသူ ၁၄၀၀ ကျော်ရှိပြီ Facility Quarantine Camp စောင့်ကြည့်စခန်း ၄၀ ကျော်ဖွင့်လှစ်ထားကာ Facility Quarantine Camp မှာ နေထိုင်သူ ၇၀၀ ကျော် ရှိနေပါတယ်။

နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013