DVB Logo
Home
မြန်မာသတင်း
ကော့သောင်းဆေးရုံ၌ သေဆုံးခဲ့သည့် အမျိုးသားနှင့် စောင့်ကြည့်လူနာဇနီးတွင် ရောဂါပိုးမတွေ့
DVB
·
April 5, 2020
ကော့သောင်းဆေးရုံ၌ သေဆုံးခဲ့သည့် အမျိုးသားနှင့် စောင့်ကြည့်လူနာဇနီးတွင် ရောဂါပိုးမတွေ့
Donate to DVB

ကော့သောင်းမြို့ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၃ ရက်နေ့က သေဆုံးသွားတဲ့ အမျိုးသားနဲ့ သီးသန့်ဆောင်မှာ စောင့်ကြည့်ခံနေရတဲ့ ဇနီးဖြစ်သူတို့မှာ COVID-19 ရောဂါပိုးမတွေ့ရှိဘူးလို့ ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာခင်ဇော်က ပြောပါတယ်။

လူနာအဖြေကတော့ ရောဂါပိုးမတွေ့ရှိပါဘူးလို့ ရောက်ရှိလာပါပြီ။ သူ့ကို ဆေးရုံ ရောက်ကတည်းကလည်း ကျနော်တို့ သံသယပေါ့။ သူ့အမျိုးသမီးကလည်း ဘန်ကောက်က ပြန်လာပြီး ဖျားနေတယ်။ Home Quarantine အလုပ်ခံထားရတယ်။ သူကလည်း ဒီလိုလက္ခဏာတွေနဲ့ ရောက်လာတယ်ဆိုတော့ ကျနော်တို့က သူတို့နှစ်ဦးလုံးကို COVID-19 ရောဂါရှိ၊ မရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းကို ပို့ပြီးစစ်စေတာပါ။ အခုတော့ နှစ်ဦးလုံး negative ထွက်ပါတယ်။

အဆိုပါ ဇနီးမောင်နှံ ၂ ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းက ကော့သောင်းပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာကြတာဖြစ်ပြီး အမျိုးသားကတော့ ဆေးကုသမှု ခံယူနေချိန်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။

အမျိုးသမီးဖြစ်သူကတော့ ထိုင်းက ပြန်လာတာကြောင့် Home Quarantine လုပ်ခံထားရသူဖြစ်ပြီး ဧပြီ ၃ ရက်နေ့ကမှ ဆေးရုံသီးသန့်ဆောင်မှာ ထားရှိပြီး ကုသပေးနေတာလည်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ အသည်းရောဂါအခံရှိပြီး အစာအိမ် သွေးယိုစီးမှု မကြာခဏဖြစ်ကာ ရန်ကုန် အထူးကုဆေးရုံတွေမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ လူနာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာစာရင်းထဲ မပါရှိဘူးလို့ သိရပါတယ်။

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ COVID-19​ ရောဂါ စောင့်ကြည့်ခံရသူ ၁၁၅ ဦးတယ်လို့ သိရပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013