DVB Logo
Home
ကျန်းမာရေး
အဝတ်အစားတွေပေါ် ရောဂါပိုး မကပ်ငြိစေဖို့ဆိုရင်
DVB
·
April 4, 2020
အဝတ်အစားတွေပေါ် ရောဂါပိုး မကပ်ငြိစေဖို့ဆိုရင်
Donate to DVB

လက်ရှိမှာ ကပ်ဘေးတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေတဲ့ COVID-19 ရောဂါဆိုးဟာ ကူးစက်နှုန်းမြန်သလို မျက်နှာပြင်အမျိုးမျိုးကိုလည်း တွယ်ငြိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြမှုတွေ ရှိနေပါတယ်။

မျက်နှာပြင် အမျိုးမျိုး၊ ဧရိယာအမျိုးမျိုးမှာ တွယ်ငြိနေနိုင်တာမို့ မျက်နှာကို နှာခေါင်းစည်း တပ်ဖို့နဲ့ လက်ကို သန့်စင်စွာ ဆေးကြောဖို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက တိုက်တွန်းနေကြရပါတယ်။ နောက်ပြီး နေအိမ် အပြင်ကို တတ်နိုင်သမျှ မထွက်ဖို့နဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ဖို့လည်း သတိပေးမှုတွေ ပြုလုပ်ထားကြပါတယ်။

ခုလိုအချိန်မျိုးမှာ မဖြစ်မနေ အလုပ်သွားရမယ်၊ အပြင်ကို သွားရဖို့ ကြုံလာမယ်၊ အိမ်အတွက် လိုအပ်တာတွေ ဝယ်ခြမ်းဖို့ ဈေးဝယ်ရမယ့် အခြေအနေမျိုးတွေ ကြုံလာရနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာမယ်ဆိုရင်တော့ မိမိတို့ဆီကို ရောဂါပိုးမကူးစက်အောင် ကာကွယ်ဖို့ ပိုမိုလိုအပ်လာပါပြီ။

အပြင်ထွက်နေတဲ့ အခိုက်အတန့်မျိုးတွေမှာ တခြားလူတွေနဲ့ ထိတွေ့မိတာ၊ စီးနင်းတဲ့ယာဉ်၊ ကိုင်တွယ်မိတဲ့ ပစ္စည်းတွေရှိနိုင်တာကြောင့် အိမ်ပြန်ရောက်ချိန်တိုင်းမှာ စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာတော့ ရှိနေကြမှာပါ။

ဒီလို အခြေအနေမျိုးမှာ လူတိုင်းနီးပါး သိချင်ကြတာက အဝတ်အထည်တွေဟာ ရောဂါပိုး ကပ်ငြိနိုင်သလား ဆိုတာနဲ့ ကပ်ငြိနိုင်တယ်ဆိုရင် ဘယ်လို ရှင်းလင်းဖယ်ရှားမလဲ ဆိုတာတွေပါပဲ။

ရောဂါပိုးဟာ အဝတ်အထည်တွေပေါ်မှာ ဘယ်လောက် ကြာကြာနေနိုင်သလဲ


COVID-19 ဟာ သတ္တုတွေ၊ မာကျောတဲ့ မျက်နှာပြင်တွေ၊ အရာဝတ္တုတွေနဲ့ ဖုန်းမျက်နှာပြင်လို အရာတွေပေါ်မှာ သက်တမ်းအတော်ကြာအောင် နေထိုင်တွယ်ငြိနေနိုင်ပါတယ်။ နာရီပိုင်းကနေ ရက်အနည်းငယ်ကြာတဲ့အထိ အသက်ရှင်နိုင်စွမ်းရှိပါတယ်။ အဝတ်အထည်တွေအပါအဝင် ပျော့ပျောင်းတဲ့ မျက်နှာပြင်တွေပေါ်မှာတော့ တွယ်ငြိနိုင်စွမ်း အားနည်းတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း လုံးဝ ကပ်ငြိနေနိုင်ခြင်းမရှိတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ပြင်ပက ပြန်လာပြီးချိန်တိုင်းမှာ အဝတ်အစား လဲလှယ်ဖို့ လိုအပ်သလို လျှော်ဖွတ်ဖို့အတွက်လည်း ချက်ခြင်းပြင်ဆင်ဖို့ လိုအပ်တာပါ။

အဝတ်အထည်ကို စိတ်ချရအောင် ဘယ်လို သန့်စင်မလဲ


အပြင်ကနေ ပြန်လာပြီဆိုတာနဲ့ အဝတ်အစားကို ချက်ခြင်းလဲလှယ်ပစ်ဖို့ လိုအပ်ပါတယ်။ ပြီးရင် လက်ကို သေချာစင်ကြယ်အောင် ဆေးကြောပြီး ဝတ်ပြီးသား အဝတ်အစားတွေကို လျှော်ဖွတ်ဖို့ စီစဉ်တာက ပိုးမွှားကူးစက်နိုင်ခြေကို အလွန်ထိထိရောက်ရောက်လျှော့ချပေးနိုင်ပါတယ်။

အမေရိကန်အခြေစိုက် Centres for Disease Control and Prevention (CDC) ရဲ့ လမ်းညွှန်ချက်တွေအရဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး အဝတ်တွေကို လျှော်ဖွတ်သန့်စင်ဖို့ အကြံပြုထားပါတယ်။

  • အဝတ်မလျှော်ခင် အဝတ်လျှော်စက်က ထိတွေ့ကိုင်တွယ်ရမယ့် အစိတ်အပိုင်းတွေ၊ ဒါမှမဟုတ် အဝတ်လျှော်ဇလုံ၊ ရေဖလား စတာတွေကို sanitizing wipes သို့မဟုတ် hand sanitizer နဲ့ သန့်ရှင်းပေးပါ။

  • အပူချိန် ၄၀-၆၀ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၀၄-၁၄၀ ဒီဂရီ ဖာရင်ဟိုက်) အကြားရှိတဲ့ ရေနွေးကို အသုံးပြုပါ။

  • အရည်အသွေးကောင်းမွန်တဲ့ ဆပ်ပြာမှုန့်ကို အသုံးပြုပါ။ အထူးသဖြင့် bleach compound ပါဝင်တဲ့ အမျိုးအစားကို သုံးစွဲပါ။

  • အဝတ်လျှော်ချိန်မှာ တစ်ဦးတည်းလုပ်ကိုင်ပါ။ အဝတ်လျှော်နေချိန်မှာလည်း Social Distancing လုပ်ဖို့ လိုအပ်ပါတယ်။

  • အဝတ်အစားတွေကို ချက်ခြင်းလျှော်ဖွတ်တာထက် ခတ္တခန ဆပ်ပြာမှုန့်နဲ့ အရင် စိမ်ထားပါ။

  • ရေစိမ်တဲ့ ဇလား၊ ဇလုံစတာတွေကို သေချာစွာ ဆေးကျောသန့်စင်ဖို့ မမေ့ပါနဲ့။

  • တကယ်လို့ အဝတ်လျှော်စက်ကို အသုံးမပြုတဲ့လူမျိုးဆိုရင် အပူချိန် ၇၅ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၆၇ ဒီဂရီ ဖာရင်ဟိုက်) ရှိတဲ့ ရေမျိုးနဲ့ စိမ်ပြီးမှ လျှော်ဖွတ်ပါ။ (သို့မဟုတ် ခန ရေနွေးနဲ့ စိမ်ပါ။ အဆိုပါနည်းလမ်းဟာ ရောဂါပိုးအားလုံးနီးပါးကို ဖယ်ရှားပေးနိုင်တယ်လို့ ဆိုထားပါတယ်)

  • ဖြစ်နိုင်ရင် တစ်ခါသုံး ရာဘာလက်အိတ်လို အရာမျိုးနဲ့ ကိုင်တွယ် လျှော်ဖွတ်ပါ။

  • လက်ဗလာနဲ့ လျှော်ဖွတ်မိခဲ့ရင်လည်း အဝတ်လျှော်ဖွတ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ နဲ့အထက်ကြာအောင် အချိန်ယူပြီး စင်ကြယ်စွာဆေးကြောပါ။

  • အဝတ်အထည်တွေကို ကိုင်တွယ်နေချိန်ကနေ လျှော်ဖွတ်ပြီး လက်ဆေးပြီးချိန်မတိုင်ခင်အထိ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးတွေကို လက်နဲ့ မကိုင်တွယ်မိအောင် ဂရုစိုက်ပါ။


ဒီအချက်တွေဟာ COVID1-19 သာမက တခြားသော ကူးစက်နိုင်တဲ့၊ အဝတ်အထည်မှာ တွယ်ငြိလာနိုင်တဲ့ ရောဂါပိုးအများအပြားကို သန့်စင် ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

အကောင်းဆုံးကတော့ တတ်နိုင်သမျှ အပြင်မထွက်ဖို့နဲ့ ကျန်းမာရေးဌာနက သတ်မှတ်ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ပါပဲနော်။ ကျန်းမာကြပါစေ။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013