DVB Logo
Home
မြန်မာသတင်း
COVID-19 လူနာနှင့်ထိစပ်ခဲ့သည့်  ပြည်ခရိုင်ရှိ မြို့နယ် လဝက ရုံး ၃ ရုံးကို ပိတ်ထား
DVB
·
April 3, 2020
COVID-19 လူနာနှင့်ထိစပ်ခဲ့သည့်  ပြည်ခရိုင်ရှိ မြို့နယ် လဝက ရုံး ၃ ရုံးကို ပိတ်ထား
Donate to DVB

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့မှာ နောက်ဆုံးတွေ့ရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ မြို့နယ် ဒုအုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေထိတွေ့မှုရှိခဲ့တာကြောင့် ပြည်ခရိုင်ထဲက မြို့နယ် လဝက ရုံး ၃ ရုံးကို  ယာယီပိတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က ပေါက်ခေါင်းမြို့တမြို့ထဲက မိသားစုဝင် ၄ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။

အဲဒီထဲက အမှတ် ၁၇ လူနာ ဖြစ်တဲ့ ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနဲ့ ထိတွေ့ခဲ့တဲ့ ပဲခူးတိုင်း လဝကဝန်ကြီးခရီးစဉ်မှာ အတူသွားခဲ့တဲ့ လဝက ဝန်ထမ်းတွေကို Faciality  Quarantine လုပ်ထားလိုက်ပြီး၊ ပြည်လဝက ၊ သဲကုန်း လဝက နဲ့ ပေါက်ခေါင်းလဝက ရုံးတွေကို ဧပြီ ၃ ရက်နေ့ကစပြီး ယာယီပိတ်လိုက်ပါပြီလို့ ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့စွမ်းအား  ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။

ရောဂါပိုးတွေ့သူနဲ့ တိုက်ရိုက်ထိခဲ့တဲ့သူတွေကို Faciality  Quarantine လုပ်ထားပြီး ကျန်သူတွေနဲ့ အရေးကြီးကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ပါသေးတယ်လို့ ပြည်ခရိုင် လဝက ရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဆွေဦးက  ပြောပါတယ်။

ရောဂါပိုးတွေ့ရှိသွားတဲ့ ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ထိတွေ့ခဲ့တဲ့ လဝက ဝန်ထမ်းတွေကတော့ ပေါက်ခေါင်းမြို့က လဝက ဝန်ထမ်း ၆ ဦး၊ သဲကုန်းမြို့က လဝက ဝန်ထမ်း ၄ ဦးနဲ့ ပြည်မြို့နယ်က လဝက ဝန်ထမ်း ၂  ဦးတို့ဖြစ်ပြီး လက်ရှိမှာ သူတို့ ၁၂ ယောက်ကို Home Quarantine လုပ်ထားပြီး လိုအပ်တာတွေကို ဖုန်းနဲ့ဆက်သွယ်ဆောင်ရွက်ခိုင်းထားပါတယ်။ 

ကျန်သူတွေကတော့ အလှည့်ကျစနစ်နဲ့ ရုံးအလုပ်တွေလုပ်ပေးဖို့အ တွက်ညွှန်ကြား ထားတယ်လို့ ပြည်ခရိုင် လဝက ရုံးကနေသိရပါတယ်။

ပေါက်ခေါင်းမြို့က အမှတ်၁၇ လူနာနဲ့ ထိစပ်နိုင်တဲ့  ပြည်မြို့ လမ်းမတော်လမ်းက ပဒေသာ အသံချဲ့စက်ဆိုင်နဲ့ စည်ပင်သာယာဈေးတွေကိုလည်း ဒီကနေ့စပြီး ပိတ်သိမ်းထားလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013