DVB Logo
Home
မြန်မာသတင်း
ပြည်ခရိုင်တွင်   ပြည်သူ့စစ်သင်တန်းတက်ရန် စစ်ကောင်စီက မဲနှိုက်ရွေးချယ်နေ
DVB
·
January 12, 2024
ပြည်ခရိုင်တွင်   ပြည်သူ့စစ်သင်တန်းတက်ရန် စစ်ကောင်စီက မဲနှိုက်ရွေးချယ်နေ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်၊ နတ္တလင်း၊ ပန်းတောင်း၊ ဥသျစ်ပင်မြို့နယ်တွေမှာ ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့အတွက် စစ်ကောင်စီက ဒေသခံပြည်သူတွေကို အစည်းအဝေးခေါ်ပြီး မဲနှိုက်ခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အခု ဇန်နဝါရီလဆန်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအဖွဲ့ဝင်တွေ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြည်သူတွေကို ပြည်သူ့စစ်သင်တန်းတက်ဖို့  တအိမ် တယောက် အစည်းအဝေးခေါ်ပြီး မဲနှိုက်ခိုင်းနေတာလို့ ဆိုပါတယ်။

ရွှေတောင်မြို့နယ်မှာ နေထိုင်သူ တဦးက "မြို့ပေါ်ရပ်ကွက်တွေတော့ မပါသေးဘူး။ ကျေးရွာတွေဘက်မှာ ရွာတရွာကို အယောက် သုံးဆယ် သင်တန်းတက်ရမယ်။ ရပ်ရွာလုံခြုံရေးအတွက်လို့ပြောတယ်။ မတက်ချင်တဲ့သူက ငွေပေးရတာတွေတော့ ရှိတယ်" လို့ ပြောပါတယ်။

ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့ အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းရှိ အမျိုးသားတွေကို တအိမ်ထောင်ကို တယောက်နှုန်းနဲ့ မဲနှိုက်ခိုင်းနေပြီး သင်တန်းမတက်ချင်သူတွေကတော့ ရပ်ကွက်လူကြီးနဲ့တိုင်ပင်ပြီး စစ်ကောင်စီတပ်ရင်းမှူးတွေကို ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းကြား ပေးရတယ်လို့ သိရပါတယ်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ၁ ရပ်ကွက်ကို အယောက် ၃၀‌၊   ဥသျစ်ပင်မြို့နဲ့ ဆင်တဲ့မြို့တို့က ၁ ရပ်ကွက်ကို အယောက် ၅၀  စစ်သင်တန်းတက်ရောက်ရမည်လို့ သိရပါတယ်။

ဥသျှစ်ပင်မြို့မှာ စစ်မှုထမ်းဟောင်းတွေ အများဆုံးနေထိုင်ကြပြီး ဆင်တဲမြို့မှာလည်း စစ်လက်နက်ထုပ်လုပ်တဲ့ (ကပစ -၁၆) ရှိကာ စစ်သားမိသားစုတွေ နေထိုင်ကြတာဖြစ်ပါတယ်။

ဆင်တဲမြို့ခံတဦးက "မိဘက အငြိမ်းစားယူလို့ မိသားစုအေးဆေးနေရမလားမှတ်တယ်။ သားကပါ စစ်သင်တန်းထပ်တက်ရမလို ဖြစ်နေပြီ။ စစ်သားမဖြစ်စေချင်လို့ တက္ကသိုလ် တက်ခိုင်းထားတာ အခုကဘယ်လိုလုပ်ရမလည်း မသိဘူး။ အနေတော့ အိမ်ပြန်မလာခိုင်းထားဘူး။ ကျောင်းတက်နေတဲ့နယ်မှာပဲ နေခိုင်းထားတယ်လို့"ပြောပါတယ်။ 

ဥသျှစ်ပင်မြို့ခံတဦးကလည်း "သင်တန်းပြီး ရှေ့တန်းပို့မှာ ကြောက်ကြတာ။ စစ်ကောင်စီက အင်အားနည်းနေလို့ ပြည်သူ့စစ်ဖွဲ့ဖို့ စီစဉ်နေတာ။ ကျနော်တို့မြို့မှာ သင်တန်းမတက်ချင် တဲ့သူရှိသလို လိုလိုချင်ချင်နဲ့ကို တက်ချင်တဲ့သူရှိတယ်။ မတက်ချင်တဲ့သူတွေကတော့ ဘုန်းကြီးတွေ ဝတ်ကုန်ကြပြီလို့"ပြောပါတယ်။

စစ်သင်တန်းတက်မယ့်သူတွေအနေနဲ့ သင်တန်းပြီးပါက မိမိနေထိုင်ရာမြို့တွေမှာ ရပ်ရွာ လုံခြုံရေး တာဝန်သာယူရမှာဖြစ်ပြီး စစ်သားအဖြစ် တာဝန်ထမ်းဆောင်စရာ မလိုဘူးလို့ စစ်ကောင်စီ အရာရှိက ပြောကြားခဲ့ပေမဲ့  နယ်မြေခံတွေကတော့  မယုံကြည်ကြပါဘူး။ 

Photo Cj

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013