
ကာရာဘောင်ဖလား တတိယအဆင့် မဲနှိုက်ပွဲစဉ်တွေ ထွက်ပေါ်လာတာမှာ လီဗာပူးနဲ့ စပါးတို့ဟာ ပရီးမီးယားလိဂ်အသင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့အတွက် အကြိတ်အနယ်ရှိမဲ့ ပွဲစဉ်ကောင်းတခု ဖြစ်လာမှာပါ။
မန်ယူအသင်းက ဘရိုက်တန်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး မန်စီးတီးကတော့ နော်ဝစ်ချ် နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေ ဝင်ရောက်ကစားနေတဲ့ ပရီးမီးယားလိဂ် ၈ သင်းဟာ ကာရာဘောင်းဖလားမှာ တသင်းနဲ့တသင်း မဲမပေါက်အောင် ရှောင်ရှားထားတာပါ။
ဒါဟာ ဥရောပပြိုင်ပွဲတွေရဲ့ အဖွင့်ပွဲစဉ်တွေနဲ့ အချိန်ဇယား ထပ်နေတာကြောင့် ဖြစ်ပါတယ်။ ဒီလို စည်းမျဉ်းကြောင့် အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုတွေ နည်းပါးခဲ့တာ တွေ့ရပါတယ်။
Photo:Reuters











