DVB Logo
Home
မြန်မာသတင်း
ကပ်ရောဂါနှင့်ပတ်သက်၍ မြို့နယ်အဆင့်ကို တိကျသည့်မူဝါဒနှင့် လုပ်ပိုင်ခွင့်ချပေးရန်  တိုက်တွန်း
DVB
·
April 3, 2020
ကပ်ရောဂါနှင့်ပတ်သက်၍ မြို့နယ်အဆင့်ကို တိကျသည့်မူဝါဒနှင့် လုပ်ပိုင်ခွင့်ချပေးရန်  တိုက်တွန်း
Donate to DVB

လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါနဲ့ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ရာမှာ မြို့နယ်အဆင့်တာဝန်ရှိသူတွေကို တိကျတဲ့မူဝါဒနဲ့ လုပ်ပိုင်ခွင့်တွေချပေးဖို့ မွန်ပြည်နယ် ရေးမြို့နယ်မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဆင့်ကြေညာပြီးနောက် မြန်မာနိုင်ငံဟာ အချိန်အများကြီးရခဲ့ပေမယ့် တုံ့ပြန်မှုနောက်ကျခဲ့ပြီး အရာရာကိုအပေါ်ကသာ ညွှန်ကြားချက်ထုတ် ဆုံးဖြတ်တဲ့ စနစ်ကြီးက အသက်ဝင်နေဆဲလို့ လွှတ်တော်အမတ် ဦးမျိုးဝင်းက ဝေဖန်ပြောပါတယ်။

'' ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ WHO ကကြေညာတယ်။ မတ်လ ၁၁ ရက်နေ့မှာ ဒီဟာသည် ကမ္ဘာ့ကပ်ရောဂါအဆင့်ဆိုပြီး  ကြေညာတယ်။ ကျနော်တို့မှာ အချိန်တွေအများကြီးရခဲ့တယ်။ ဒါပေမယ့် ဒီအပေါ်မှာ တုံ့ပြန်မှုက အများကြီးနောက်ကျခဲ့တယ်။ တုံ့ပြန်မှုက နှေးတယ်လို့ယူဆတယ်။ အရာရာကို ဗဟိုကနေပြီး ညွှန်ကြားချက်တွေထုတ်လိုက်၊ အောက်ကနေ ညွှန်ကြားတွေကို ညွှန်ကြားပါဦးတင်လိုက်၊ အပေါ်ကနေဆုံးဖြတ်လိုက် အဲ့လိုမျိုးတွေလုပ်တဲ့အခါကျတော့ ဒီစနစ်ကြီးက ခုထိကို အသက်ဝင်နေဆဲပဲ။ မြို့နယ်အဆင့်က ဘာတွေဘာတွေလုပ်လို့ရလဲဆိုတဲ့ တိကျတဲ့မူဝါဒတွေ၊ လုပ်ပိုင်ခွင့်တွေချပေးမှသာလျှင် ရဲရဲတင်းတင်းလုပ်နိုင်မယ်။ ခုက မြို့နယ်က ဘာ မှမလုပ်ရဲမကိုင်ရဲဖြစ်နေတယ်။ ဒါကို ချိန်ဆဖို့လိုပါတယ် ''

ရေးမြို့နယ်အတွင်းမှာရှိတဲ့ စောင့်ကြည့်ရေးစခန်းတွေရဲ့ လိုအပ်ချက်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ အလှူရှင်တွေနဲ့ပူးပေါင်းကာ လိုက်လံဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး

ကြိုတင်ပြင်ဆင်မှုတွေအများကြီးလိုအပ်နေကြောင်းလည်း ဦးမျိုးဝင်းက ပြောပါတယ်။

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းကတော့ ''လက်ရှိ အခြေအနေမှာ အစီအမံမရှိတာတွေတွေ့ရတယ်။ ဒီလိုကပ်ရောဂါနဲ့ပတ်သက်လို့ ကြေညာပြီးချိန်မှာ အစိုးရအနေနဲ့ စနစ်တကျ စီမံခန့်ခွဲကြိုတင်ခြင်းတွေကို စနစ်တကျ လုပ်ခဲ့ရမယ်လို့မြင်တယ်။ ကျနော်တို့ဒေသမှာ ရောဂါတွေဖြစ်ပွားလာခဲ့ပြီဆိုရင် သေဆုံးသူတွေ ရှိလာပြီဆိုရင် ဘယ်လိုလုပ်မလဲ၊ စနစ်တကျစီမံပေးခြင်းပေါ့၊ တိကျတဲ့အစီအစဉ်တွေ အားနည်းနေတယ်။ မြေပြင်မှာလုပ်တဲ့သူတွေ မသိမှတော့ မရှိဘူးလို့ပဲထင်တာပေါ့ '' လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေးမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ထိုင်းနိုင်ငံက ပြန်လာသူတွေအတွက် စောင့်ကြည့်ရေးစခန်း ၃၆ ခု ဖွင့်လှစ်ထားရှိပြီး ၈၀၀ ဦးလောက် လာရောက်နေထိုင်နေပါတယ်။

သူတို့အတွက် ကျန်းမာရေးအထောက်အကူပစ္စည်းနဲ့ စနစ်တကျကြပ်မတ်မှုတွေ လိုအပ်နေသေးတယ်လို့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေထံက သိရပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013