DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်တွင် အမည်မသိ အိမ်ရာမဲ့ အမျိုးသား ၁ ဦး လဲကျသေဆုံး
DVB
·
April 3, 2020
မိတ္ထီလာမြို့နယ်တွင် အမည်မသိ အိမ်ရာမဲ့ အမျိုးသား ၁ ဦး လဲကျသေဆုံး
Donate to DVB

 မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ သီးကုန်းကျေးရွာအုပ်စု သီးကုန်းရွာပေါက်ရှိ ဇရပ်အနီးမှာ ဧပြီ ၁ ရက်နေ့က အသက် ၃၀ ခန့်အရွယ် အမည်မသိ အိမ်ရာမဲ့ အမျိုးသားတဦး လဲကျ သေဆုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးရုံးက ပြောပါတယ်။

သီးကုန်းအုပ်စု အုပ်ချုပ်ရေးမှူးဦးသက်ထွန်းက “ဇရပ်ပေါ်မှာ အမည်မသိ အမျိုးသားတဦး လာနေနေတာ တလခွဲလောက်ရှိပြီ၊  ကားခပေးပြီး ကားပေါ်တင်ပေးလိုက်လည်း နောက်တရက် နှစ်ရက်လောက်နေတော့ ပြန်ရောက်လာတာပါပဲ။ ဒီအနီးအနားတဝိုက်ကတော့ မဟုတ်ဘူး။ စုံစမ်းလို့ မရဘူး။ တခြားနယ်က ဖြစ်မယ်ထင်တာပဲ။ ဇရပ်နားမှာက စျေးသည်လေးတွေ စျေးလာရောင်းကြတယ်။ အဲဒီစျေးသည်လေးတွေရဲ့ ပေးစာကမ်းစာလေးတွေ စားသောက်ပြီး နေတယ်။ ပလတ်စတစ်ဘူးခွံတွေ ကောက်ပြီး ရောင်းစားတယ်။ ရတဲ့ပိုက်ဆံလေးကို အရက် ဝယ်သောက်တယ်။ အအေးပတ်ပြီး သေဆုံးသွားတယ် ထင်တာပါပဲ” လို့ ပြောပါတယ်။

သေဆုံးသူမှာ ပြင်ပဒဏ်ရာ မရှိတဲ့အကြောင်းနဲ့ သေမှုသေခင်း အမှုဖွင့် စုံစမ်းစစ်ဆေးနေပြီး ခွဲစိတ်စစ်ဆေးဖို့ မိတ္ထီလာဆေးရုံကို ပို့ထားတယ်လို့ အလည်ရွာ ရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။

မိတ္ထီလာ အလည်ရွာရဲကင်းစခန်းမှာ အမည်မသိအမျိုးသား တဦးသေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှတ်စဉ် ၅/၂၀၂၀ နဲ့ အမှုဖွင့်လှစ်ထားပါတယ်။

သတင်း- မောင်မောင်လင်း၊ ဓာတ်ပုံ -Aung Sun

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013