DVB Logo
Home
မြန်မာသတင်း
ယုဇနပလာဇာ အပါအဝင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စျေးဝယ်စင်တာကြီးများ ယာယီပိတ်သိမ်း
DVB
·
March 31, 2020
ယုဇနပလာဇာ အပါအဝင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စျေးဝယ်စင်တာကြီးများ ယာယီပိတ်သိမ်း
Donate to DVB

COVID-19 ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းက ယုဇနပလာဇာ အပါအဝင် စျေးဝယ်စင်တာကြီးတွေကို ယာယီပိတ်သိမ်းသွားဖို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက မနေ့က ညွှန်ကြား ချက်ထုတ်ပြန်လိုက် ပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးတွေ့ရှိပြီးနောက်မှာ ရောဂါပိုးကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ အများပြည်သူ ဝင်ထွက်သွားလာတာကို လျှော့ချကန့် သတ်နိုင်ဖို့ ကော်မတီက ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။

စျေးဝယ်စင်တာကြီးတွေအတွင်းမှာ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ကုန်ခြောက်ပစ္စည်းစတဲ့ အခြေခံစား သောက်ကုန်တွေနဲ့ ဆေးဝါးတွေက လွဲပြီး အခြားလူသုံးကုန်ပစ္စည်းတွေ၊ အများပြည်သူတွေအတွက် အရေးပြီးလိုအပ်မှု မရှိတဲ့ ကုန်ပစ္စည်းတွေလက်လီ၊ လက်ကားရောင်းချတာကို မတ်လ ၃၁ ရက်ကနေ  ဧပြီ ၉ ရက်အထိ ယာယီပိတ်သိမ်းသွားဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ 

လိုအပ်ပါက  ပိတ်သိမ်းကာလကို ထပ်တိုးမြှင့်သွားဖို့ရှိ တယ်လို့လည်း သိရပါတယ်။ ဒီလိုညွှန်ကြားချက်ကြောင့် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းက ယုဇနပလာဇာစျေးကြီးကို မတ်လ ၃၁ရက်ကနေ ဧပြီ ၁၈ ရက် အထိ ယာယီပိတ်သိမ်းသွားမယ်လို့ ယုဇနပလာဇာစျေးကြီး စီမံခန့်ခွဲမှု ကော်မတီက ကြေညာထားပါတယ်။

စိုးချစ်ချစ်ပိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013