DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်သင့် ကမ္ဘာ့တစ္ဆေသရဲမြို့ကြီးများသဖွယ် ခြောက်ခြားဖွယ် ပုံရိပ်များ(ဓာတ်ပုံ)
DVB
·
March 30, 2020
ကိုရိုနာဗိုင်းရပ်စ်သင့် ကမ္ဘာ့တစ္ဆေသရဲမြို့ကြီးများသဖွယ် ခြောက်ခြားဖွယ် ပုံရိပ်များ(ဓာတ်ပုံ)
1 / 8
Donate to DVB

       တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ လတ်တလောမှာ ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့(ဒဗလျူအိပ်ချ်အို)ကနေ ကပ်ရောဂါအနေနဲ့ သတ်မှတ်ခဲ့ရပါတယ်။

       လက်ရှိမှာတော့ ဒီဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့နိုင်ငံတွေအနှံ့ မြို့ကြီးတွေ မှာ လူသူအသွားအလာမရှိ ခြောက်ကပ်နေခဲ့ပြီး ခြောက်ခြားစရာကောင်းတဲ့ တစ္ဆေသရဲ မြို့တော်ကြီးတွေလို ဖြစ်ခဲ့ရပါတယ်။

       ကမ္ဘာကျော် နယူးယောက်တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ လူသူအသွားအလာများ စည်ကားတဲ့ ဈေးဝယ်စင်တာတွေ၊ ကမ်းခြေတွေ၊ စားသောက် ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ ရထားဘူတာရုံတွေနဲ့အတူ ကမ္ဘာလှည့်ခရီးသည်တွေကြား ထင် ရှားတဲ့ အထိမ်းအမှတ်နေရာတွေ ပါဝင်နေတာကို တွေ့ကြရမှာပါ။

       နာမည်ကျော် လန်ဒန်မြို့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံမှာတော့ ရုံးချိန်ကျောင်း ချိန်လို လူသူစည်ကားရှုပ်ထွေးနေရမယ့်အချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှင်းလင်းနေခဲ့ တာကို တွေ့ကြရမှာပါ။

       ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရဲ့ မြေအောက်ရထားဘူတာရုံဟာလည်း စောင့်ဆိုင်းသူ ခရီး သည်တယောက်မှ မရှိပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

       နောက်ထပ်ပုံတပုံမှာတော့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဖျော်ဖြေပွဲတခုအတွက် ဇာတ်တိုက်လေ့ကျင့်ချိန် ခုံတွေမှာ တယောက်မှရှိမနေခဲ့ပဲ ရှင်းရှင်းလင်းလင်း ရှိနေခဲ့တာ ကို တွေ့ရပါတယ်။

       တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံမှာတော့ တကိုယ် တော် ညစာစားပွဲဆင်နွှဲနေသူတဦးကို တွေ့ကြရမှာပါ။

       ဒီဓာတ်ပုံတွေထဲမှာ ရန်ကုန်မြို့က ပုံတပုံကိုလည်း ထည့်သွင်းဖော်ပြထားခဲ့ပြီး ပုံထဲ မှာတော့ မြို့မြင်ကွင်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်မယ့် စားသောက်ဆိုင်ထဲမှာ လူသူတ ဦးတယောက်မှ ရှိမနေခဲ့တာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

       မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ပုံတွေထဲမှာတော့ နာမည်ကြီး ကမ္ဘာ့မြို့တော်တွေဖြစ်တဲ့  ဆစ်ဒနီ၊ ပါရီ၊ ဟောင်ကောင်၊ ဆော်အိုပေါ်လို၊ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ မီလန်၊ ဘာစီလိုနာ၊ ဘာလင်၊ ရောမ၊ ဆိုးလ်၊ တိုကျို၊ ဘန်ကောက်မြို့တွေအပါအဝင် မြို့ကြီးတွေ အနှံ့ ပုံရိပ်တွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။

       ကမ္ဘာ့နိုင်ငံတွေအားလုံးနီးပါးဟာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့ မှုကနေ ထိန်းချုပ်ကာကွယ်နိုင်ဖို့ အစီအမံတွေကို လုပ်ဆောင်နေကြရပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၀ ဦး ရှိခဲ့ပြီဖြစ်ကာ သက်ဆိုင်ရာကလည်း ဒါကိုထိန်းချုပ်ကာကွယ်နိုင်ဖို့ လူစုလူဝေးနဲ့ ပွဲ လမ်းသဘင်အခမ်းအနားတွေ ရှောင်ကြဉ်ကြဖို့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချိန်နဲ့ တပြေးညီသတင်းထုတ်ပြန်ချက်တွေကို သတိပြုကြဖို့နဲ့ ကျန်းမာရေး၊ အသိ၊ သတိ ရှိကြဖို့ ကြေငြာချက်တွေ အဆက်မပြတ်ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။

တကမ္ဘာလုံးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူပေါင်း ၇၂၄,၇၄၈  ဦး၊ သေဆုံးသူ ၃၄,၀၁၉ ဦးရှိနေပြီး နေပြန်ကောင်းသူ ၁၅၂,၀၇၆ ဦးရှိနေပြီလို့ Worldmeters ဝက်ဆိုက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013