DVB Logo
Home
မြန်မာသတင်း
သောင်ရင်းမြစ်ဖြတ်ကူးပြီး မြန်မာဘက် ခိုးဝင်မည့် တရုတ်အမျိုးသား ၄ ဦးကို ထိုင်းရဲ ဖမ်းဆီး
DVB
·
March 29, 2020
သောင်ရင်းမြစ်ဖြတ်ကူးပြီး မြန်မာဘက် ခိုးဝင်မည့် တရုတ်အမျိုးသား ၄ ဦးကို ထိုင်းရဲ ဖမ်းဆီး
Donate to DVB

မဲဆောက်နယ်စပ်မှတဆင့် မြန်မာနိုင်ငံဘက်ကို ခိုးဝင်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို မနေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီတရုတ်အမျိုးသား ၄ ယောက်ကို အမှတ် ၄ ခြေလျင်တပ်ရင်းက ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကင်းလှည့်စစ်ဆေးချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး မဲဆောက်ခရိုင် မယ့်ကုဒေသထဲက ရွာတရွာမှတဆင့် သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ပြီး မြန်မာနိုင်ငံဘက်ကို ကူးဖြတ်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ရဲ့နာမည်နဲ့ အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြမထားဘဲ လတ်တလောမှာတော့ မဲဆောက်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးဆီ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ သူတို့ ၄ ယောက်စလုံးမှာ နေထိုင်ခွင့်ဗီဇာသက်တမ်းကုန် ဆုံးနေတဲ့အတွက် ဘန်ကောက်ကိုသွားပြီး သက်တမ်းပြန်တိုးကာ တရုတ်နိုင်ငံကို ပြန်ဖို့ အကြံပေးခဲ့ချိန်မှာ သူတို့က သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ထိုင်းအစိုးရက ကမ္ဘာတလွှား ကပ်ရောဂါတခုလို ဖြစ်လာနေတဲ့ ကိုရိုနာ COVID-19 ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကနေ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မဲဆောက်-မြဝတီ နယ်စပ်မှတဆင့် တရားမဝင် ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား ဒီနေ့ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၆၅၉၈၅ ဦး၊ သေဆုံးသူ ၃၀၉၃၅ ဦးနဲ့ သက်သာပျောက်ကင်းလာသူ  ၁၄၂၄၇၉ ဦး ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်ဒ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013