DVB Logo
Home
မြန်မာသတင်း
ကပ်ရောဂါကာကွယ်ရေး ထိရောက်သည့်အစီအမံများ ချပြပေးရန် ရေးမြို့ အရပ်ဘက်အဖွဲ့များ တောင်းဆို
DVB
·
March 29, 2020
ကပ်ရောဂါကာကွယ်ရေး ထိရောက်သည့်အစီအမံများ ချပြပေးရန် ရေးမြို့ အရပ်ဘက်အဖွဲ့များ တောင်းဆို
1 / 5
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် ထိရောက်တဲ့ အစီအမံတွေ ချပြပေးဖို့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ရပ်ကွက်နဲ့ကျေးရွာတွေက ပေးပို့လာတဲ့ စာရင်းတွေအရ ပြည်ပနိုင်ငံတွေက ပြန်လာသူ ဒီနေ့အထိ ၁၅၀၀ ကျော်ရှိနေပြီး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာ နေရာအနှံ့ သွားလာကြတာကြောင့် ဒေသခံတွေက စိုးရိမ်ပူပန်နေကြတာပါ။

ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “တာဝန်သိ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ လိုအပ်တာတွေ စတင်ပြင်ဆင်နေကြပြီ၊ တာဝန်ရှိသူတွေအနေနဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းရာမှာ အားရကျေနပ်ဖွယ်ရာ မရှိသေးဘူး၊ တစ်စုံတရာတော့ ညွန်ကြားတာတွေ မရှိသေးလို့ ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ ဖြစ်လာနေတယ်၊ အဲဒီတော့ အရပ်ဘက်အဖွဲ့တွေကိုယ်စား မေးခွန်းထုတ်လိုပါတယ်၊ ဒေသဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကပ်ရောဂါနဲ့ပတ်သက်လို့ ဖြစ်ပွားလာခဲ့သည်ရှိသော် ဘယ်လို ထိန်းချုပ်ဆောင်ရွက်မယ် ဆိုတာပါ။ လိုအပ်လာရင် သက်ဆိုင်ရာတွေကို ထောက်ကူနိုင်ဖို့ကတော့ Community Base Facility Quarantine Center တွေကို အခြေခံပညာကျောင်းတွေမှာ အဆင်သင့်ဖြစ်အောင် နောက်ပြီးတော့ အစင်ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ စီစဉ်ထားပါပြီ” လို့ ပြောပါတယ်။

မြို့နယ်အနေနဲ့ ရေးမြို့အဝင် တံတားကြီးဂိတ်တွင် စစ်ဆေးကြပ်မတ်မှုတွေ ဆောင်ရွက်နေပြီး ပြည်ပမှ ပြန်လည်ရောက်ရှိလာမယ့် နိုင်ငံသားတွေကို ၁၄ ရက်တာ Facility Quarantine ပြုလုပ်စောင့်ရှောက်နေထိုင်နိုင်ဖို့ ရေးမြို့ အောင်မေတ္တာရပ်ကွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းအိမ်ရာ လေးထပ်ဆောင် အဆောက်အဦသစ်အား သန့်ရှင်း ဆောင်ရွက်နေတယ်လို့ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။





ရေးမြို့၊ ပြည်သူ့ဆေးရုံအနေနဲ့ ခွင့်ပြုဝန်ထမ်းအင်အား ၅၅ ရာခိုင်နှုန်းသာရှိပြီး ပြည်သူတွေအနေနဲ့ လူစုလူဝေးတွေကို ရှောင်ကြဉ်ကြဖို့နဲ့ တကိုယ်ရေ အလေ့အထကျင့်ဝတ်တွေကို လိုက်နာကြဖို့၊ ရှောင်လွှဲမရတဲ့ ကပ်ရောဂါအား ဖြစ်ပွားမှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ကြောင်း ၂၄ ရက်နေ့က ကျင်းပတဲ့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်အ စည်းအဝေးမှာ ပြောကြားထားပါတယ်။

ရေးမြို့နယ်အတွင်း ဒီနေ့အထိ စောင့်ကြည့်လူနာ တရုတ်နိုင်ငံသား ၂ ဦးရှိပြီး ရေးမြို့နယ်၊ ဟံဂံကျေးရွာက သံသယလူနာ ၁ ဦးမှာ ရေးမြို့၊ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ရန်ကုန်မြို့ကို ဓာတ်ခွဲနမူနာပေးပို့ထားတယ်လို့ သိရပါတယ်။





ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013