DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း၌ ကူးစက်ခံရသူ ၁ ဦးအပါအဝင် COVID-19 လူနာအသစ်  ၃ ဦး ထပ်မံတွေ့ရှိ
DVB
·
March 28, 2020
ပြည်တွင်း၌ ကူးစက်ခံရသူ ၁ ဦးအပါအဝင် COVID-19 လူနာအသစ်  ၃ ဦး ထပ်မံတွေ့ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ဓာတ်ခွဲအတည်ပြု လူနာအသစ် နိုင်ငံခြားသူ ၁ ဦး အပါအဝင် ၃ ဦး ထပ်မံတွေ့ရှိပြီး ပြည်တွင်းမှာ ကူးစက်ခံရသူ ၁ ဦးပါဝင်တယ်လို့ မတ် ၂၇ ၇က် ည ၁၂း၁၅ နာရီအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အသစ်တွေ့ရှိတဲ့ လူနာတွေကတော့ ရန်ကုန်မှာ ၂၉ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုသမီး ၁ ဦးတို့ဖြစ်ပါတယ်။ 

ထူးခြားမှုအနေနဲ့ အမျိုးသမီး ၂ ဦး စတင်တွေ့ရှိလာချိန်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်နေ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးကတော့ လတ်တလောနိုင်ငံခြားခရီးသွားခြင်းမရှိဘဲ ပြည်တွင်းမှာပဲ ကူးစက်ခံရတာပါ။ ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်း သိရတယ်။ 

နေပြည်တော်ကို ရောက်ရှိနေပြီး Hotel Quarantine နေထိုင်နေတဲ့ ဆွစ်ဇာလန်နိုင်ငံသူကတော့ ဆွစ်ဇာလန်နိုင်ငံမှာတုန်းက ဓာတ်ခွဲအတည်ပြုလူနာ ဖခင်ဖြစ်သူနဲ့ အနီးကပ်ထိတွေ့မှု ရှိခဲ့တယ်လို့ သိရပါတယ်။ 

တတိယအတည်ပြုလူနာက ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကနေ ဝင်ရောက်လာသူ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အသက် ၂၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အသွားအလာတားမြစ်ပိတ်ပင် စောင့်ကြပ်ကြည့်ရှုရာကနေ ဓာတ်ခွဲအတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ ၃ ဦးအား သက်ဆိုင်ရာဆေးရုံတွေမှာ သီးခြားထားရှိ ကုသမှုပေးနေပြီး လူနာတွေရဲ့ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

အရင်က COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေအနေနဲ့ -

၁) ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာ အမေရိကန်ပြန် ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦး၊

၂) ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံမှာ အင်္ဂလန်ပြန် ၂၆ နှစ်အရွယ် အမျိုးသားတ ၁ ဦး၊

၃) အင်းစိန်ပြည်သူ့ဆေးရုံကနေ ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားသူ အင်္ဂလန်ပြန် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦး၊

၄) မန္တလေး ကန်တော်နဒီဆေးရုံမှာ အမေရိကန်ပြည်ထောင်စုက ပြန်လာသူ ၃၃ နှစ်အရွယ် အမျိုးသား ၁ ဦး၊

၅) ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ ဝေဘာဂီအထူးကုဆေးရုံ အထူးကြပ်မတ်ဆောင်ကို ပို့ဆောင်ထားတဲ့ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံက ပြန်လည်ရောက်ရှိလာသူ ၆၉ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၈ ဦး ရှိပြီ ဖြစ်ပါတယ်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူတွေကို ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်ကာ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုအနေနနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်တွေကို တိကျစွာလိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၉၄၃၇၇ ဦး၊ သေဆုံးသူ ၂၇၂၅၀ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၃၃၀၀၆ ဦးရှိပြီလို့ သိရပါတယ်။

https://www.facebook.com/DVBTVNews/photos/a.191581544213687/3111871378851341/?type=3&theater

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013