DVB Logo
Home
မြန်မာသတင်း
COVID- 19 လူနာ ၂ ဦး၏ ကျန်းမာရေး စိုးရိမ်စရာအခြေအနေမရှိဟု ကျန်းမာရေးဌာနပြော
DVB
·
March 24, 2020
COVID- 19 လူနာ ၂ ဦး၏ ကျန်းမာရေး စိုးရိမ်စရာအခြေအနေမရှိဟု ကျန်းမာရေးဌာနပြော
Donate to DVB

မြန်မာနိုင်ငံမှာ COVID- 19 ဗိုင်းရပ်စ်ရောဂါပိုး ပထမဆုံးတွေ့သူ ၂ ယောက်ရဲ့ ကျန်းမာရေး စိုးရိမ်စရာအခြေအနေမရှိဘဲ ကောလာဟလ သတင်းမှားတွေကို ပြည်သူတွေမယုံကြဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဒီဗွီဘီကိုပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ ယောက်တွေ့တယ်လို့ မတ် ၂၃ ရက်ညက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

 ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာ အမေရိကန်နိုင်ငံကပြန်လာသူ အသက် (၃၆) နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ လှည်းကူးမြို့နယ်က ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာထားရှိတဲ့ အင်္ဂလန်ကပြန်လာတဲ့ အသက် (၂၆) နှစ်အရွယ် အမျိုးသား ၁ ယောက်တို့ရဲ့ ဓာတ်ခွဲခန်းအဖြေတွေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။

အင်္ဂလန်နိုင်ငံကနေပြန်လာတဲ့ ပိုးတွေ့လူနာကတော့ လက်ရှိ မှော်ဘီမြို့နယ်ရှိ ဆရာတော်အရှင်ဆေကိန္ဒရဲ့ဘုန်းတော်ကြီးကျောင်းမှာ အသွားအလာ ကန့်သတ်စောင့်ကြည့် (Quarantine)လုပ်ခံထားရပါတယ်။

အမေရိကန်နဲ့ အင်္ဂလန် အပါအဝင်ပြည်ပနိုင်ငံတွေကနေပြန်လာပြီး လက်ရှိမှာ ၁၄ ရက်ကြာ (Ficility Quarantine)လုပ်ထားခံရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရှိပါတယ်။

ထိုင်းနဲ့မလေးရှားနိုင်ငံတွေကနေ ပြန်လာသူတွေကိုတော့ မိမိတို့ရဲ့နေအိမ်တွေမှာ (Home Quarantine) လုပ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013