DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ရောဂါ အရှိန်မြင့်လာနေဟု WHO သတိပေး
DVB
·
March 24, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ အရှိန်မြင့်လာနေဟု WHO သတိပေး
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာ  အရှိန်မြင့်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ်လ ၂၃ ရက်က သတိပေးလိုက်ပါတယ်။

ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် စဖြစ်သူကနေ လူတစ်သိန်းကို ကူးစက်ဖို့ ၆၇ ရက် ကြာမြင့်ပြီး လူနှစ်သိန်းကို ကူးစက်ဖို့ ၁၁ ရက်သာ ကြာခဲ့ပါတယ်။ လူနှစ်သိန်းကနေ လူ ၃ သိန်းကို ကူးစက်ဖို့ကတော့ ၄ ရက်သာ ကြာခဲ့ပါတယ်။

မတ်လ ၂၄ ရက်အထိ ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း  ၁၉၅ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၈၁,၆၄၉ ဦး၊ သေဆုံးသူ ၁၆,၅၅၈ ဦးနဲ့ ပြန်ကောင်းလာသူက ၁၀၂,၄၂၉ ဦး ရှိပါတယ်။ သေဆုံးသူ အများဆုံးက အီတလီဖြစ်ပြီး ၆,၀၇၇ ဦးအထိ မြင့်တက်လာပါတယ်။

အဲဒီနောက် စပိန်က သေဆုံးသူ ၂,၃၁၁ ဦးနဲ့ ဒုတိယလိုက်နေပြီး အီရန်က သေဆုံးသူ  ၁,၈၁၂ ဦးနဲ့ တတိယလိုက်နေပါတယ်။ အမေရိကန်မှာ သေဆုံးသူ ၅၈၂ ဦးအထိ မြင့်တက်လာသလို ဗြိတိန်မှာလည်း သေဆုံးသူ ၃၃၅ ဦး အထိ ရှိနေပါတယ်။

WHO အကြီးအကဲ ဂေဘရီအီးဆပ်ကတော့ အခုလို ဖြစ်နေတဲ့ အခြေအနေကို ပြောင်းလဲလို့ ရနိုင်သေးကြောင်း ပြောပါတယ်။ သူက နိုင်ငံတွေကို သေချာစစ်ဆေးတာတွေ လုပ်ဖို့ တိုက်တွန်းသလို ကူးစက်တာ ခြေရာခံတဲ့နည်းဗျူဟာတွေ ကျင့်သုံးဖို့ကိုလည်း အားပေးပါတယ်။ အရေးအကြီးဆုံးက ကိုယ် ဘာလုပ်သလဲဆိုတာ ဖြစ်တယ်လို့ ဂေဘရီအီး ဆပ်က ပြောပါတယ်။

ဖီဖာဥက္ကဋ္ဌနဲ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့  “ဘောလုံးပွဲတပွဲကို ခုခံရုံနဲ့ အနိုင်မရနိုင်ဘဲ တိုက်စစ်ပါ သုံးရမယ်” လို့ WHO အကြီးအကဲ ဂေဘရီအီးဆပ်က အကြံပြုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013